Celebrity News

Queen CL ရဲ့ သီချင်းသစ်အတွက် ပါဝင်အားဖြည့်ပေးခဲ့တဲ့ အမေရိကန်အဆိုတော် Anne-Marie

Queen CL ကတော့ ဒီနှစ်မှာ သူမရဲ့ သီချင်းသစ်တွေကို ဆက်တိုက်ထုတ်ခဲ့ပါတယ်။ February လ 26 ရက်နေ့မှာ “Wish You Were Here” သီချင်း ထွက်ရှိခဲ့ပြီး Augest 24 ရက်နေ့မှာ “spicy” သီချင်းထွက်ရှိခဲ့ပါတယ်။ ဒီနေ့ September 29 ရက်နေ့ 12 AM EST မှာတော့ “Lover like Me” သီချင်းထွက်ရှိခဲ့ပါတယ်။

အရင်သီချင်းတွေက CL တစ်ယောက်တည်း သီဆိုထားပေမဲ့ ဒီနေ့ထွက်တဲ့ သီချင်းသစ်ကို English အဆိုတော် တေးရေးဆရာတွေဖြစ်တဲ့ Anne-Marie, Sarah Blanchard, Cleo Tighe, Freedo နဲ့ တောင်ကိုရီးယား Hip-Hop Rapper “Nafla” တို့က ပူးပေါင်းရေးပေးထားတာ ဖြစ်ပါတယ်။

သီချင်းစာသားတွေကို CL ဟာ သူ့ရဲ့ own style နဲ့ rapping ရွတ်ထားပြီး တချို့အပိုဒ်တွေကို အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုထားပါသေးတယ်။ ခုလို လအလိုက် တစ်ပုဒ်ချင်းစီ ထုတ်ပေမဲ့ နောက်လဆို ပထမဆုံး full length album “Alpha” ကို ပါ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

Source: Allkpop
Written: Violet