Celebrity News

Remake ထိုင်းဇာတ်လမ်းမှာ Cameo အဖြစ် ပါဝင်လာတဲ့ တရုတ်မင်းသားချော Lin Yi

၂၀၁၉ တုန်းက ပရိသတ်ကြားမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အရိုတလိုင်း တရုတ်ကား “Put You Head on my Shoulder” ကတော့ ထိုင်းဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးနေပါပြီ။ Lin Yi နဲ့ Fair Xing Fei တို့ရဲ့ လိုက်ဖက်မှုကြီးကြောင့် အပုအရှည်စုံတွဲလေးကို အားလုံးက သဘောကျနေခဲ့ကြတာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကြီးသွားတာဖြစ်လို့ ထိုင်းနိုင်ငံကလည်း Remake အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ “Put Your Head on my Shoulder” ကို ပြန်လည်ရိုက်ကူးမယ့် ထိုင်းကားလေးက “Pupaa” လို့ နာမည်ပေးထားပါတယ်။

Lin Yi ရဲ့ ‌ဇာတ်ကောင် ကူဝေ့ယိ နေရာမှာ New Thitipoom က ပါဝင်ထားပြီး စစ်ထူမော့ အတွက် မင်းသမီး Kaimuk Nilawan က ရိုက်ကူးထားတာပါ။ September 26 ကတည်းက ပြသနေပြီး ထိုင်းဗားရှင်းမှာလည်း ကူဝေ့ယိကိုယ်တိုင် ပါဝင်လာခဲ့လို့ ပရိသတ်တွေ အံ့ဩကုန်ပါတယ်။

ဇာတ်လမ်းရဲ့ နောက်ဆုံး Trailer မှာ ကူဝေ့ယိလည်းပါလာခဲ့ပြီး New ကို ရည်းစားလိုက်နည်း စာအုပ်အား လက်ဆောင်ပေးခဲ့တဲ့အကြောင်းလေးပါ။ Remake ဇာတ်လမ်းမှာ အခုလိုမျိုး မူလမင်းသားပါလာတာမျိုးက တကယ်အံ့ဩစရာပါပဲ။ ထိုင်းဗားရှင်းတွေကလည်း အမြင်တမျိုးလေးနဲ့‌ ကြည့်ကောင်းတာမို့လို့ အရိုဇာတ်လမ်းလေးကို ကြည့်နေကြမယ်လို့ထင်ပါတယ်။

Source: WeTV
Photos: WeTV
Translated by Julix