Celebrity News

“Tale Of The Nine-Tailed” Season သစ်တွေအကြောင်း tvN ရဲ့ နောက်ဆုံးထုတ်ပြန်ချက်

tvN ဇာတ်လမ်းတွဲ “Tale of the Nine-Tailed” က season သစ်တွေထွက်ရှိလာမယ့်အကြောင်း September 27 ရက်နေ့ကတည်းက သတင်းတွေထွက်နေတာပါ။ ရုပ်ရှင်ပိုင်းသတင်းမီဒီယာတွေကလည်း ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး မျိုးစုံသတင်းတွေတင်ပေးခဲ့ပါတယ်။ tvN အနေနဲ့ “Tale of the Nine-Tailed” ဇာတ်လမ်းရဲ့ Season 2 နဲ့ 3 ကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်ကြောင်း၊ အမျိုးသမီးဇာတ်လိုက်နေရာ အပြောင်းအလဲရှိမည်ဖြစ်ကြောင်း၊ Season 2 က ဂျပန်ကိုလိုနီခေတ် (1910-1945) နဲ့ Season 3 က ဂျိုဆွန်းမင်းဆက်ခေတ်ကာလကို ဇာတ်အိမ်တည်မှာဖြစ်ကြောင်း ပရိသတ်တွေကြား သတင်းပြန့်ခဲ့ပါတယ်။

ဒီလိုသတင်းတွေကို tvN ဖက်က အတည်ပြုဖြေကြားပေးခဲ့ပါတယ်။ “‘Tale of the Nine-Tailed’ အတွက် Season 2 ရိုက်ကူးဖို့ စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးနေကြတုန်းပါ။ ရိုက်ကူးမယ့်အနုပညာရှင်တွေနဲ့ ထုတ်လွှင့်ပြသမယ့်နေ့အကြောင်း အသေးစိတ်တွေကို အပြီးသတ် မဆွေးနွေးရသေးပါဘူး။ Season 2 အတွက် အပိုင်း (၁၆) ပိုင်းလောက် ရိုက်ကူးဖို့ စီစဉ်ထားပြီး ဒါရိုက်တာ Kang Shin Hyo နဲ့ပဲ ဆက်လက်ရိုက်ကူးဖြစ်မှာပါ” လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ တုန်းကပြခဲ့တဲ့ “Tale of the Nine-Tailed” ဇာတ်လမ်းဟာ Lee Dong Wook, Jo Bo Ah နဲ့ Kim Bum တို့ ပါဝင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ခေတ်ပါ်ဂူမီဟိုကားပါ။ မြန်မာပရိသတ်ကြီးတို့ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်တာကြောင့် Season သစ်တွေအကြောင်းကြားတဲ့အခါ အားလုံးဝမ်းသာခဲ့ကြပါတယ်။ tvN ဖက်က ဇာတ်လမ်းနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ထုတ်ပြန်မှုရှိရင် အသိပေးပါဦးမယ်။

Source: Soompi
Photos: tvN
Translated by Julix