Celebrity News

Hanfu ဝတ်စုံတွေကို ပိုမိုခေတ်ထစေခဲ့တဲ့ မင်းသားချောတွေအဖြစ် နာမည်တွင်နေသူ (၇) ဦး

တရုတ်ရှေးဟောင်းကားတွေတိုင်းမှာ မင်းသားတွေရဲ့ဝတ်စားဆင်ယင်မှုကို အလေးထားပြီးကြည့်တတ်ကြပါတယ်။ နဂိုကိုက လှပပြီးကြည့်ကောင်းတဲ့ဝတ်စုံတွေဖြစ်လို့ ပရိသတ်တွေကလည်း လိုက်လံတုပပြီး ဝတ်ဆင်ချင်ကြပါတယ်။ ရှေးခေတ်ဝတ်စုံ Hanfu တွေကို ပိုမိုခေတ်စားစေလာခဲ့တဲ့ ဇာတ်လိုက်မင်းသားချော (၇) ဦးအဖြစ် အမည်တွင်နေသူတွေကတော့ အားလုံးအကြိုက်တွေမှာပါ။

Xiao Zhan

ဝေဝူ့ရှန့် ဝတ်စုံဆိုပြီး ပရိသတ်တွေ ရောဂါထခဲ့ရတဲ့အထိ ကျော်ကြားစေခဲ့သူကတော့ Xiao Zhan ပါပဲ။ The Untamed ထဲမှာ Xiao Zhan ဝတ်ခဲ့တဲ့ hanfu ဝတ်စုံမျိုးစုံကို အားလုံးက ငမ်းငမ်းတက် လိုချင်မိခဲ့ကြပါတယ်။ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေရဲ့ Weibo King ဖြစ်သူ Xiao Zhan ကတော့ တကယ့်နာမည်တွင်စေခဲ့သူပါပဲ။

Deng Lun

Ashes of Love ထဲက Deng Lun ရဲ့ပုံစံဟာ ချက်ချင်းဆိုသလို ကြည့်ရှုသူတွေကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ခန့်ညားတည်ငြိမ်တဲ့အသွင်အပြင်နဲ့ ရှေးခေတ်ဝတ်ရုံကတော့ လိုက်ဝတ်ချင်မိတဲ့အထိ ဆွဲဆောင်မှုအား ပြင်းလွန်းလှပါတယ်။

Yang Yang

ခေတ်ပေါ်ဇာတ်လမ်းတွဲတွေမှာသာမက ရှေးဟောင်းဇာတ်လမ‌်းတွေမှာပါ ကျက်သရေရှိတဲ့အသွင်အပြင်နဲ့ ညို့ငင်နိုင်သူကတော့ Yang Yang ပါပဲ။ Hanfu ဝတ်ထားပြီး တည်ငြိမ်တဲ့အသွင်အပြင်ကို ပေးဆောင်နိုင်တာကြောင့် Yang Yang ရဲ့ အရှိန်အဝါဟာ မြင်သူတကာ မှင်သက်စေမိပါတော့တယ်။

Luo YunXi

ပိန်ပိန်သွယ်သွယ်နဲ့ ခန့်ချောကြီး Luo YunXi ကတော့ ရှေးဟောင်းဝတ်စုံနဲ့ သိပ်ကိုလိုက်ဖက်သူပါ။ အရောင်နုနုလေးတွေနဲ့ လိုက်သလို အရောင်ရင့် Hanfu တွေဝတ်ရင်လည်း တကယ်ကို ကြည့်ကောင်းလှပါတယ်။

Wang Yibo

The Untamed မှာ အဖြူနဲ့ အပြာနုနုလေးတွေကိုဝတ်ပြီး အေးချမ်းတဲ့အသွင်ဆောင်ခဲ့တဲ့ Yibo ရဲ့ ရှေးဟောင်းဝတ်စုံတွေကိုလည်း ပရိသတ်တွေ လိုချင်ကြပါတယ်။ တည်ငြိမ်တဲ့ခံစားမှုကို ပေးစွမ်းနိုင်တာကြောင့်လည်း နာမည်ကြီးလှပါတယ်။

Gong Jun

Word of Honor နဲ့ ပိုမိုနာမည်ကြီးလာခဲ့သူ Gong Jun ရဲ့ ဇာတ်လမ်းထဲမှာဝတ်ခဲ့သမျှ Hanfu တွေက ပရိသတ်ကြားမှာ တော်တော့်ကို လူကြိုက်များလှပါတယ်။ ဝတ်စုံရဲ့ထည်ဝါမှုအပြင် Gong Jun ရဲ့ ခန့်ညားမှုကိုမြင်တိုင်း လိုက်ဝတ်ဖို့ တွေးမိတဲ့အထိပါပဲ။

Cheng Yi

Love and Redemption ထဲက Cheng Yi ဝတ်ဆင်သလို ဝတ်စုံနဲ့ မျက်နှာဖုံးဟာ လူငယ်တွေကြား တော်တော်လေး ရေပန်းစားသွားတာပါ။ ရှေးဟောင်းဇာတ်လမ်းတွဲမျိုးရဲ့ အချောဆုံးမင်းသားလို့တောင် ဂုဏ်ပြုပြောဆိုတဲ့အထိ Hanfu နဲ့ လိုက်ဖက်နေခဲ့ပါတော့တယ်။

Source: Mydramalist
Photos: Mydramalist
Translated by Julix