Celebrity News

BLACKPINK ကို ကြိုက်လွန်းလို့ လုပ်ခဲ့တဲ့အရာတစ်ခုကို ​ပြောပြခဲ့တဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung

K-Pop ​လောကက အထင်ကရ မိန်းက​လေးအဖွဲ့​တွေလို့ဆိုလိုက်ရင် K-Pop ​​လောကရဲ့ မတူညီတဲ့ မျိုးဆက် ၂ခုကို ကိုယ်စားပြုတဲ့ မိန်းက​​လေးအဖွဲ့ ၂ ဖွဲ့ကို မြင်​ယောင်မိမှာဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ထဲမှာဆိုရင် Girls’ Generation အဖွဲ့ဟာ Nation’s Girl Group လို့ သတ်မှတ်ခံထားရတဲ့အပြင် သူတို့ရဲ့ လှပတဲ့ ရုပ်ရည်နဲ့ တစ်ဦးချင်းစီရဲ့ အရည်အချင်း​တွေ​ကြောင့် တခြားနိုင်ငံ​တွေထိ လူသိများပါတယ်။

တတိယမျိုးဆက်ထဲမှာဆိုရင်​တော့ လက်ရှိအချိန်မှာ BLACKPINK ရဲ့ ပါဝါနဲ့ ​အောင်မြင်မှုဟာ ​ကြောက်ခမန်းလိလိဖြစ်​နေတာကို မြင်​တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအဖွဲ့ ၂ ဖွဲ့ဟာ အသက်အရွယ်နဲ့ မျိုးဆက်ကွာဟမှုရှိ​ပေမဲ့ တ​စ်ဖွဲ့ကိုတစ်ဖွဲ့ ချစ်ခင်အား​ပေးကြသလို ​လေးစားကြပါတယ်။ ဒီအချက်ကို မကြာ​သေးခင်ကပဲ netizen ​တွေက Girls’ Generation အဖွဲ့ဝင် Sooyoung ဆီမှာ ​ထပ်မံတွေ့ရှိခဲ့ရပါတယ်။

Sooyoung ဟာ မကြာ​သေးခင်က Mnet ရဲ့ “Street Woman Fighter” အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ဒီရိုက်ကူး​ရေး​နောက်ကွယ်က အ​​သေးစိတ်အ​ကြောင်းအရာနဲ့ ပြင်ဆင်ပုံ​တွေကို သူမရဲ့ YouTube channel မှာ မျှ​ဝေခဲ့ပါတယ်။ဗီဒီယိုထဲမှာ Sooyoung တစ်​ယောက် အကသမား​တွေနဲ့ ​တွေ့ဆုံပြီး အက​တိုက်​နေတာကို ​တွေ့ရမှာဖြစ်ပြီး ​ဖျော်​ဖြေမှုအတွက် ပြင်ဆင်ပုံ​တွေကို ပြသခဲ့သလို သူမဘယ်​လောက်ထိ စိတ်လှုပ်ရှား​နေ​ကြောင်းကိုလည်း ​ပြောပြခဲ့ပါတယ်။ သူမဟာ ဆံပင်နဲ့ မိတ်ကပ်ပြင်ဆင်​နေစဉ် ပရိသတ်​တွေ မသိ​သေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို​ ​ပြောပြခဲ့ပါတယ်။

အဲ့ဒါက​တော့ သူမရဲ့ makeup artist ဟာ BLACKPINK အဖွဲ့ရဲ့ makeup artist လည်းဖြစ်တယ်ဆိုတယ် အချက်ပါပဲ။ “ဒီ makeup artist က BLACKPINK ကိုလည်း မိတ်ကပ်ပြင်​ပေးတဲ့သူ​လေ။ ဒါ​ကြောင့် ကျွန်မ သူမကို BLACKPINK နဲ့ တူ​အောင် ပြင်​ပေးပါဆိုပြီး ​တောင်းဆိုထားတယ်” လို့ Sooyoung က ​ပြောပြခဲ့ပြီး သူမဟာ ဘယ်​​လောက်ထိ BLACKPINK ပရိသတ်အကြီးစားဖြစ်တယ်ဆိုတာကို ​ဖော်ပြခဲ့ပါတယ်။ ဒီဗီဒီယိုတင်ပြီး​နောက်မှာ​တော့ BLINK ​(BLACKPINK ပရိသတ်) တွေနဲ့ SONE (Girls’ Generation ပရိသတ်) ​တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ​ပြောမဆုံးဖြစ်​နေကြပါ​တော့တယ်။

Sooyoung ဟာ ယခင်တည်းက BLACKPINK နဲ့ ပတ်သက်ပြီး သူမရဲ့အချစ်ကို ​​​ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက သူမဟာ Instagram ကတစ်ဆင့် ပရိသတ်​တွေနဲ့ အ​မေးအ​ဖြေကဏ္ဍ​လေးလုပ်ခဲ့ပြီး သူမ လက်ရှိ မကြာခဏနား​ထောင်ဖြစ်​နေတဲ့ K-Pop မိန်းက​လေးအဖွဲ့က ဘယ်သူလဲလို့ ​မေးတဲ့အခါမှာ BLACKPINK အဖွဲ့ရဲ့ အမှတ်တံဆိပ်​လေးကို ပြန်ပြခဲ့ပါတယ်။

ဒါ့အပြင် Sooyoung ဟာ BLACKPINK အဖွဲ့ဝင်​တွေကို လူသိရှင်ကြား ချီးကျူးခဲ့ဖူးပါ​သေးတယ်။ Jisoo တစ်​ယောက် Dazed Magazine က သူမရဲ့ပုံကို IG မှာ တင်ခဲ့တုန်းက Sooyoung ဟာ “​မေ့လဲပြီ” ဆိုပြီး မှတ်ချက်​ပေးခဲ့ပါတယ်။ သ​ဘောက​တော့ Jisoo ရဲ့ အလှ​ကြောင့် သူမ မူး​မေ့လဲသွားပြီလို့ ဆိုလိုချင်တာပါ။ Sooyoung ဟာ အခုလို BLINK အကြီးစားဖြစ်တာ​ကြောင့် BLACKPINK နဲ့ တူညီတဲ့ makeup artist ကိုလည်း သူမရဲ့ ကိုယ်ပိုင်ဆန္ဒအရ ငှားရမ်းခဲ့တယ်လို့ ယူဆရပါတယ်။

K-Pop ​လောကမှာ မျိုးဆက်မတူ​ပေမဲ့ ခုလို စီနီယာအနုပညာရှင်​တွေက ဂျူနီယာအနုပညာရှင်​တွေကို အား​ပေးတာကို ​မြင်​တွေ့ရတာဟာ တကယ့်ကို ကြည်နူးစရာပါပဲ။ Sooyoung တင်မကပဲ တခြား Girls’ Generation အဖွဲ့ဝင်​တွေဖြစ်တဲ့ Hyoyeon နဲ့ Tiffany တို့ဟာလည်း BLACKPINK ကို နှစ်သက်​ကြောင်း ​ပြောပြခဲ့ဖူးပါတယ်။ ဒါ​ကြောင့် တစ်​နေ့​နေ့ တစ်ချိန်ချိန်မှာ​တော့ ဒီအဖွဲ့ ၂ ဖွဲ့ရဲ့ collaboration ကို မြင်​တွေ့ရဖို့ ၂ ဖွဲ့လုံးရဲ့ ပရိသတ်​တွေက ​မျှော်လင့်​စောင့်စား​နေကြမယ်လို့ ထင်ပါတယ်။

Source : Koreaboo
Photo : Koreaboo
Written : ZL