Celebrity News

‘Running Man’ ကို Guest အဖြစ်သွားရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ပြောပြခဲ့တဲ့ ဂွမ်ဆူ

Running Man အဖွဲ့ဝင်ဟောင်း Lee Kwang Soo ကိုတော့ တနင်္လာနေ့ရောက်တိုင်း လွမ်းနေကြတုန်းပါပဲ။ အားလုံးရဲ့အချစ်ကို ရရှိထားသူဖြစ်လို့ အစီအစဉ်နေ ထွက်ခွာမှုဟာ တကယ့်ကို ‌ရင်ကွဲစေခဲ့ပါတယ်။ ပရိသတ်တွေက Guest အဖြစ် လာစေချင်နေကြသလိုပဲ ဂွမ်ဆူကိုယ်တိုင်ကလည်း ‘Running Man’ မှာ Guest အဖြစ် လာဖြစ်ရင် ဖြစ်လာနိုင်တဲ့ပုံစံအား ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြခဲ့ပါတယ်။

Lee Kwang Soo နဲ့ အင်တာဗျူးတစ်ခုမှာပဲ “‘Running Man’ မှာ Guest အဖြစ် ပြန်ပြီး ပါလာနိုင်ချေရှိလား?” ဆိုပြီး အမေးခံလိုက်ရပါတယ်။ ဂွမ်ဆူကရီရင်းနဲ့ “တကယ်တော့ ကျွန်တော်အဲ့တာကို စိတ်ကူးကြည့်ဖူးပါတယ်။ တကယ်ပါ.. အဲ့တာတော်တော်ကြီးကို ပျော်စရာကောင်းပြီး ခွီနေရမှာပဲ။ ဒါပေမဲ့ guest အဖြစ်သွားဖို့ သင့်‌တော်ရဲ့လားလို့လည်း တွေးမိတယ်။ တကယ်သာသွားဖြစ်ရင် တော်တော်ကို အူကြောင်ကြောင်ကြီးနေမှာပဲ။ မြင်သာအောင်ပြောရရင် စစ်မှုထမ်းခဲ့တဲ့ဌာနစိတ်ကို အပြင်လူတစ်ယောက်အနေနဲ့ အလည်ပြန်သွားရတဲ့ ခံစားချက်ကြီးလို ဖြစ်နေလောက်တယ်” ဆိုပြီး ရင်ဖွင့်သွားခဲ့ပါတယ်။

Lee Kwang Soo ဟာ ၂၀၁၀ ‘Running Man’ စတင်ပြသကတည်းက ပါဝင်ခဲ့တဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးပါ။ ကျန်အဖွဲ့ဝင်တွေအားလုံးရဲ့ ညီငယ်၊မောင်လေးလိုဖြစ်နေပြီး ပရိသတ်တွေကလည်း တအားကို ချစ်ကြပါတယ်။ ၂၀၂၁ မေလမှာပဲ ခြေထောက်ဒဏ်ရာကိုကုသဖို့ အစီအစဉ်ကနေ နှုတ်ထွက်ခဲ့ပြီး ဒီနေ့အချိန်ထိ Running Man မှာ ဧည့်သည်အဖြစ်လာရောက်ခြင်းမရှိသေးပါဘူး။ ဂွမ်ဆူသာ Guest အဖြစ်လာမယ်ဆိုရင် ဘယ်လောက်တောင် ထုထောင်းခံရမလဲဆိုတာကိုတော့ ခန့်မှန်းမိကြမှာပါပဲနော်။

Source: SBSstar
Photos: Vlive
Translated by Julix