Celebrity News

ကိုရီးယားစကားကို အချိန်တိုတိုနဲ့ တတ်မြောက်စေမယ့် လျှို့ဝှက်ချက်ကို မျှဝေခဲ့သူလေး Lisa

BLACKPINK‘s Lisa ကတော့ ၂၀၁၁ ခုနှစ် YG Entertainment ကို Trainee အဖြစ် စတင်ဝင်ရောက်လာစဉ်က ကိုရီးယားနိုင်ငံသူမဟုတ်တဲ့ ပထမဆုံးသော နိုင်ငံခြားသူလေးဖြစ်ပါတယ်။ သူမရဲ့ လက်ဖျား‌ခါလောက်တဲ့အကစွမ်းရည်နဲ့ အကဲဖြတ်တွေကို တိမ်းညွတ်သွားစေခဲ့ပြီး Trainee အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ထိုင်းနိုင်ငံသူလေးဖြစ်တာကြောင့် ကိုရီးယားလိုမပြောတတ်သေးတာကြောင့် သူမအတွက် အခက်ကြုံခဲ့ရပြီး အ‌ခြေတကျဖြစ်ဖို့ကို တစ်နှစ်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

ဒီတော့ ဘယ်အရာတွေကြောင့်များ Lisa ဟာ ဘာသာစကားတစ်ခုကို မြန်မြန်တတ်မြောက်နိုင်ရတာလဲ? Rolling Stone ရဲ့ အင်တာဗျူးမှာပဲ Lisa က သူမရဲ့ လျှို့ဝှက်ချက်လေးကို ပြောပြခဲ့ပါတယ်။ “ကိုရီးယားကို ပထမဆုံးအကြိမ်ရောက်လာတော့ ကျွန်မက အင်္ဂလိပ်ပဲပြောတယ်။ ဒါပေမဲ့ ဆရာမက English လို ဆက်မပြောစေချင်တော့ အစကနေ အဆုံးထိ ကိုရီးယားလိုပဲပြောခိုင်းတယ်။ ကျွန်မကို comfort zone ကနေထွက်နိုင်ဖို့ တွန်းအားပေးခဲ့တာပေါ့နော်။ အကြာကြီးသင်ရတဲ့နေ့ဆိုရင် ကိုရီးယားလိုပဲ ပြောရတယ်။ ကျွန်မက ကိုရီးယားစာလုံးတွေ မသိ‌သေးဘူးလေ။ ဒါကိုပဲ ဆရာမက ကိုရီးယားလိုပဲပြောတယ်။ တော်တော်လေးတော့ ခက်ခဲခဲ့တာပေါ့။ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ ဆရာမ ခိုင်းသလိုပဲ မပြောတတ်ပြောတတ်နဲ့ ပြောခဲ့ရတယ်။ ဆရာမရဲ့ တင်းကြပ်မှုတွေကြောင့်ပဲ ကျွန်မက မြန်မြန်တတ်လာခဲ့တာပါ” ဆိုပြီး ပြောပြခဲ့ပါတော့တယ်။

Lisa ကတော့ ထိုင်း၊ English နဲ့ ကိုရီးယားစကားတွေကို ကျွမ်းကျင်စွာပြောတတ်ပါတယ်။ ဘာသာစကားဆရာမကြီးလို့တောင် တင်စားခံရသူဖြစ်တာနဲ့အညီ ဂျပန် နဲ့ ချိုင်းနားစကားတွေကိုလည်း ပြော‌တတ်ဆိုတတ်နေပြန်ပါပြီ။

Source: Koreaboo
Photos: YG Official
Translated by Julix