Celebrity News

၂၉ နှစ်အရွယ် အလှကို ‌‌ထုတ်ဖော်ပြသသွားတဲ့ ထိပ်တန်းမိန်းမချောစာရင်းဝင် Baifern Pimchanok

Baifern လေးက လှပချောမောတာကို အားလုံးမြင်ဖူးပြီးသားပါ။ သူမရဲ့အလှက တမူထူးခြားပြီး စကားလုံးနဲ့တောင်ဖော်ပြလို့ မရနိုင်ပါဘူး။ စက်တင်ဘာလ (၃၀) ရက်နေ့ကတော့ Baifern ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး သူမရဲ့ လှပမှုတွေကို ထုတ်ဖော်ပြသရင်းဖြတ်သန်းခဲ့ပါတယ်။

၂၉ နှစ်ပြည့်မွေးနေ့အတွက် အထူးအနေနဲ့ အလှဖြာထွက်နေတဲ့ ဓာတ်ပုံပေါင်းများစွာကို တင်ခဲ့ပါတယ်။ ပုံတွေထဲမှာ Baifern ဟာ ပါးလွှတဲ့အနက်ရောင်အင်္ကျီလေးကို ရိုးရှင်းစွာဝတ်ထားပေမဲ့ သူမရဲ့ သေးသွယ်တဲ့ပုရွက်ဆိတ်ခါးလေးနဲ့ သွယ်တန်းနေတဲ့ ပခုံးလေးကတော့ မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်မှုရှိနေခဲ့ပါတယ်။ ပုံတွေတင်ပြီးမကြာခင် Like တွေများစွာရရှိခဲ့သလို Comment တခွင်မှာလည်း မွေးနေ့ဆုတောင်းစကားတွေနဲ့ ပြည့်နေခဲ့ပါတော့တယ်။

ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို ပြီးပြည့်စုံတဲ့အလှရှိပေမဲ့ Baifern ကတော့ ခုချိန်ထိ single လေးပါပဲ။ အလုပ်တွေပဲ ဇောက်ချလုပ်ကိုင်နေတဲ့ Baifern က “single ဖြစ်နေလို့လည်း ဝမ်းမနည်းပါဘူး။ နှစ်ပေါင်းများစွာ တကိုယ်တော်နေလာရတာပဲ။ လုပ်စရာတွေကများလွန်းတော့ အလုပ်ကလွဲပြီး ခေါင်းထဲထည့်ချိန်ကို မရပါဘူး။ ကျွန်မကိုကြိုက်တယ်လို့ပြောတဲ့သူတွေအများကြီးရှိပေမဲ့ flirt ချိန်ကို မရှိအောင် အလုပ်များပါတယ်” ဆိုပြီး ပြောခဲ့ဖူးပါတယ်။ မကြာခင် ထိပ်စည်းပြောင်းတော့မယ့် စင်ဂယ်မမကြီး Baifern ကတော့ ပရိသတ်တွေနဲ့ နေနေရတာကိုပဲ တအားပျော်နေပုံပါပဲ။

Source: ThaiToday
Photos: Instagram
Translated by Julix