Celebrity News

2021 ပထမနှစ်ဝက်မှာပဲ ကြောက်ခမန်းလိလိ ဝင်ငွေရှာနိုင်ခဲ့ကြောင်း သတင်းထွက်လာတဲ့ EunWoo

သရုပ်ဆောင်-အဆိုတော် Cha EunWoo ဟာ မကြ‌ာသေးခင်ကမှ မီလီယံချီတဲ့ ဇိမ်ခံတိုက်ခန်းကို ချက်ချင်းငွေပေးချေကာ ဝယ်ယူခဲ့ကြောင်း ပရိသတ်တွေ သိပြီးဖြစ်မှာပါ။  အသက် ၂၄ နှစ်အရွယ် EunWoo ဟာ အနုပညာသက်တမ်း ၅ နှစ်ပဲရှိသေးပေမဲ့ အခုလိုမျိုး စွမ်းဆောင်နိုင်တာကြောင့် ကောင်လေးရဲ့ ဝင်ငွေက ဘယ်လောက်ရှိမလဲဆိုပြီး သိချင်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Mnet’s ‘TMI News’ အပိုင်းမှာ ၂၀၂၁ ပထမနှစ်ဝက်အတွင်း ဝင်ငွေမြောက်မြားစွာ ရှာဖွေနိုင်တဲ့ ဘက်စုံထူးချွန် ကိုရီးယားအနုပညာရှင်စာရင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Top 10 စာရင်းထဲမှာ ASTRO’s Eunwoo လည်းပါဝင်လာခဲ့ပြီး သူ့ရဲ့ဝင်ငွေရရှိမှုကို အားလုံးက မျက်လုံးပြူးသွားခဲ့ကြပါတယ်။ ဆဖာ်ပြချက်တွေအရ ကိုရီးယားဝမ် 3 billion (USD 2.53 million ခန့်/ ကျပ်သိန်းပေါင်း ၄ သောင်း ၇ ရာကျော်) ကို ၂၀၂၁ ခုနှစ် ၆ လအတွင်းမှာ ရှာဖွေနိုင်ခဲ့ပါတယ်။

Cha Eunwoo ရဲ့ ဝင်ငွေရရှိပုံကို ဆန်းစစ်ကြည့်တော့ ASTRO အဖွဲ့နဲ့ လှုပ်ရှားမှု၊ သရုပ်ဆောင်ပိုင်းမှာလည်း နာမည်ရသူဖြစ်တဲ့အပြင်‌ ကြော်ညာမော်ဒယ်၊ ထုတ်ကုန်ပစ္စည်းတွေနဲ့ Bvlgari, Burberry နဲ့ Chaumet အစရှိတဲ့ ဇိမ်ခံ brand ပေါင်းများစွာရဲ့ ကိုယ်စားပြုအနုပညာရှင်ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်မို့လို့ Eun Woo ရဲ့ ဝင်ငွေက တနေ့တခြားများပြားလားတာဖြစ်ပြီး နောင်တချိန် အချမ်းသာဆုံးစာရင်းဝင်ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: Kstarlive
Photos: ASTRO
Translated by Julix