Celebrity News

Han So Hee ရဲ့ အမာခံပရိသတ်ဖြစ်​ကြောင်း လူသိရှင်ကြားဝန်ခံလိုက်တဲ့ K-drama ချစ်သူ​လေး Sana

လက်ရှိ K-Drama ​လောကမှာ တစ်စထက်တစ်စ လင်းလက်​တောက်ပလာတဲ့ ​ငွေကြယ်ပွင့်​လေး Han So Hee ဟာဆိုလို့ရှိရင် ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ သူမရဲ့ ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်​ကြောင့် ပရိသတ်​များစွာရဲ့ အချစ်ကို ရရှိ​နေသူဖြစ်ပါတယ်။

သူမဟာ “The World of the Married” ဇာတ်လမ်းတွဲနဲ့ တစ်ဟုန်ထိုး ​အောင်မြင်​ကျော်ကြားလာပြီး မကြာ​သေးခင်က ထုတ်လွှင့်ခဲ့တဲ့ “Nevertheless” ဇာတ်လမ်းတွဲနဲ့လည်း လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ​ပြောစမှတ်တွင်ခဲ့ပါတယ်။

သူမရဲ့ drama အသစ်ဖြစ်တဲ့ “My Name” ဟာဆိုရင် လာမယ့် ​အောက်တိုဘာလ ၁၅ ရက်​နေ့မှာ Netflix က​နေ ထုတ်လွှင့်သွားမှာဖြစ်ပြီး Han So Hee အတွက် ပထမဆုံးအက်ရှင်ဇာတ်ကြမ်းဖြစ်တာ​ကြောင့် ပရိသတ်​တွေဟာ ရင်ခုန်စိတ်လှုပ်ရှားစွာ ​စောင့်​မျှော်လျက်ရှိပါတယ်။

အဲ့လိုမျိုး များပြားလှတဲ့ Han So Hee ရဲ့ ပရိသတ်ထဲ​တွေထဲမှာ နာမည်ကြီး K-Pop Idol ၁ ဦးဖြစ်တဲ့ TWICE အဖွဲ့ဝင် Sana လည်း အပါအဝင်ဖြစ်​နေတာကို အံ့အားသင့်ဖွယ် သိရှိခဲ့ရပါတယ်။  မကြာ​သေးခင်က ထုတ်လွှင့်ခဲ့တဲ့ live တစ်ခုမှာ Sana က သူမလည်း မင်းသမီး Han So Hee ရဲ့ ဇာတ်​​ကောင်အသစ်ကို အမြန်ဆုံး မြင်​တွေ့ရဖို့ ​စောင့်​မျှော်​နေ​ကြောင်း ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

အဲ့ဒီ live အတွင်းမှာ ONCE တစ်​ယောက် “Han So Hee ကို သိလား” လို့ Sana ကို ​မေးခဲ့ပြီး Sana က “မင်းသမီး Han So Hee လား သိပ်သိတာ​ပေါ့” ဆိုပြီး ဝမ်းသာအားရ ပြန်​ဖြေခဲ့ပါတယ်။

အဲ့ဒီ​​နောက် Sana က Han So Hee ရဲ့ ဇာတ်လမ်းတွဲအသစ်ကို ​စောင့်​မျှော်​လျက်ရှိပြီး အဲ့ဒီကားထွက်မယ့် ရက်ကို​တောင် အတိအကျ မှတ်သားထား​တယ်လို့ ပရိသတ်​တွေကို ​ပြောပြခဲ့ပါ​သေးတယ်။ Sana ဟာ ယခင်ကလည်း Han So Hee ရဲ့ အမာခံပရိသတ်ဖြစ်​ကြောင်း လူသိရှင်ကြား ​ဖော်ပြခဲ့ဖူးပါ​တယ်။

မင်းသမီး Han So Hee ပါဝင်သရုပ်​ဆောင်ထားတဲ့ “Nevertheless” ဇာတ်လမ်းတွဲ ထုတ်လွှင့်​နေစဉ်က Sana ဟာ Dear U. Bubble app က​နေတစ်ဆင့် ONCE ​တွေနဲ့ ဒီဇာတ်လမ်းတွဲအ​ကြောင်းကို ​ဆွေး​နွေးခဲ့ပြီး ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း တခြားပရိသတ်​တွေလိုပဲ အဓိကသရုပ်​ဆောင်အတွဲနဲ့ Yoon Sol နဲ့ Seo Ji Wan တို့ GL အတွဲ​လေး ရိုတာကို ဆက်ကြည့်ချင်​သေး​ကြောင်း နှ​မြောတသစွာ ​ပြောခဲ့ပါတယ်။

So Hee ရဲ့ သရုပ်​ဆောင်စွမ်းရည်နဲ့ ညို့အားပြင်းတဲ့ ဆွဲ​ဆောင်မှု​တွေက တစ်ခါကြည့်ပြီးတာနဲ့ သူမရဲ့ ပရိသတ်ဖြစ်သွား​စေတာ​ကြောင့် Sana ရဲ့ စိတ်ဟာလည်း တခြားပရိသတ်​တွေနဲ့ ထပ်တူပါပဲ။

So Hee ရဲ့ drama အသစ် “My Name” လွှင့်တဲ့အခါလည်း Sana ​လေးဟာ ကြည့်ဖြစ်​အောင်ကြည့်ပြီး ပရိသတ်​တွေနဲ့ ဇာတ်ကားအ​ကြောင်း လာပြီး ​ဆွေး​နွေးဦးမှာ အ​သေအချာပါပဲ။ Han So Hee အ​နေနဲ့လည်း ဒီလို ​အောင်မြင်​ကျော်ကြားပြီး ချစ်စရာ​ကောင်းတဲ့ K-Pop Idol တစ်​ယောက်က သူမရဲ့ ပရိသတ်ဆိုတာကို သိရင် အရမ်းကို ဂုဏ်ယူဝမ်းသာမဆုံးဖြစ်​နေမယ် ထင်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL