Celebrity News

လျှို့ဝှက်စာနဲ့အတူ ထူးဆန်းတဲ့ Teaser Image ကို ထုတ်ပေးပြီး ပဟေဠိဖွက်လိုက်တဲ့ IU

IU ရဲ့ သီချင်းလေးတွေက နားဆင်သူ‌တွေအတွက် ပါးစပ်ထဲမှာစွဲပြီး အလွယ်တကူလိုက်ဆိုမိတဲ့အထိ ကောင်းမွန်လှပါတယ်။ အသံချိုမြမြလေးနဲ့ ဖန်တီးသမျှသီချင်းတိုင်းဟာ သူနဲ့လိုက်ဖက်တဲ့ပုံစံလေးကိုပဲ ချပြလေ့ရှိတဲ့ IU ဟာ ဒီတစ်ခါမှာလည်း အတွေးများစေတဲ့စာသားလေးနဲ့ စိတ်ကူးယဉ်ဆန်‌ဆန် Teaser Image ကို ချပြခဲ့ပါတယ်။

October 1 ရက်နေ့ ညပိုင်းမှာပဲ IU ဟာ သူ့ရဲ့ Twitter account ကနေ ပုံတင်ခဲ့ပါတယ်။ ပန်းရောင်ဖျော့ဖျော့လမင်းကြီးနဲ့အတူ ခရမ်းရောင်လွှလွှလေး ရောယှက်နေတဲ့အပြင် caption မှာလည်း “meet again when strawberry moon comes up (စတော်ဘယ်ရီရောင် လမင်းကြီးထွက်ပေါ်လာတဲ့အချိန် တဖန်ဆုံစည်းကြမယ်) from IU” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်တွေကတော့ IU တစ်ယောက် comeback လုပ်ဖို့အတွက် အရိပ်အရောင်ပြနေတာဖြစ်နိုင်ကြောင်း တွေးဆနေကြပါတယ်။ အကယ်၍ သေချာတယ်ဆိုရင် မတ်လ “LILAC” ထွက်ရှိပြီးနောက် IU အတွက် ပထမဆုံး Comeback ဖြစ်လာမှာပါ။ ပရိသတ်ကြီးတို့ကော ဘယ်လိုထင်ကြပါသလဲ? IU ဝှက်ထားတဲ့ ပဟေဠိကို အဖြေထုတ်ကြည့်ကြရအောင်နော်။

Source: Soompi
Photos: Twitter
Translated by Julix