Celebrity News

“Jirisan” ဇာတ်ကားကြီးရဲ့ အဓိက​နောက်ခံဇာတ်ဝင်​တေးအတွက် အသံချိုချို​လေးနဲ့ ပါဝင်အားဖြည့်သွားမယ့် Jin

ကမ္ဘာ​ကျော် ​ယောက်ျား​လေး K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Jin ဟာဆိုရင် ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုမြင့်တက်​နေတဲ့ မင်းသမီး Jun Ji Hyun နဲ့ မင်းသား Joo Ji Hoon တို့ရဲ့ tvN ဇာတ်လမ်းတွဲအသစ် “Jirisan (Cliffhanger)” မှာ OST တစ်ပုဒ်ပါဝင်သီဆိုသွားမယ်လို့ ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်​ရေးကုမ္ပဏီ AStory က ​အောက်တိုဘာလ ၁ ရက်​နေ့မှာ ထုတ်​ဖော်​ပြောကြားလိုက်ပါတယ်။ ဒီ OST ဟာ သာမန် OST မဟုတ်ပဲ ဇာတ်လမ်းတွဲရဲ့ အဓိက​နောက်ခံသီချင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

Astory က “BTS အဖွဲ့ဝင် Jin သီဆို​ပေးထားတဲ့ ‘Jirisan’ OST က ‘Jirisan’ ဇာတ်လမ်းတွဲကြီးရဲ့ အဓိက​နောက်ခံဇာတ်ဝင်​တေးအဖြစ် သုံးစွဲသွားမှာဖြစ်ပြီး ဇာတ်လမ်းထုတ်လွှင့်မှု တစ်ဝက်လောက်က​နေစလို့ ဒီသီချင်းကို ကြားရမှာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်လုံး ထွက်ရှိမယ့် ရက်ကို​တော့ သီးခြား​ကြေငြာ​ပေးသွားပါမယ်” လို့ ​ပြောကြားထားပါတယ်။ ဒီသီချင်းဟာ Jin ရဲ့ ပထမဆုံး တစ်ကိုယ်​တော် OST လည်းဖြစ်ပါတယ်။

“Jirisan (Cliffhanger)” ဇာတ်လမ်းတွဲက​တော့ ဂျီရီ​တောင်​ပေါ်မှာ ​ပေါ်​ပေါက်လာတဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုကို စုံစမ်းပြီး အမှန်တရားကို ​ဖော်ထုတ်ကြမယ့် ​တောင်တက်သမား ၂ ဦးအ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထာတဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ မင်းသမီး Jun Ji Hyun က ဂျီရီ​တောင်အမျိုးသားဥယျာဉ်ရဲ့ လက်​ရွေးစင်လမ်းပြ​တောင်တက်သမား Seo Yi Kang အဖြစ် သရုပ်​ဆောင်ထားပြီး မင်းသား Joo Ji Hoon က​တော့ သူမရဲ့ ပါတနာ တဖြစ်လဲ ​ထုတ်ပြောလို့မရတဲ့ လျှို့ဝှက်ချက်ရှိ​နေတဲ့ ​တောင်တက်သမားအသစ် Kang Hyun Jo အဖြစ် သရုပ်​ဆောင်ထားပါတယ်။

ဒီ drama ရဲ့ ပဲ့ကိုင်ရှင်​တွေက​တော့ “Kingdom” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်း​ရေးဆရာမ Kim Eun Hee နဲ့ “Goblin” ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Lee Eung Bok တို့ဖြစ်ပါတယ်။ “Jirisan (Cliffhanger)” ဇာတ်လမ်းတွဲကို tvN ရဲ့ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အ​နေနဲ့ အထူးရိုက်ကူးထားတာဖြစ်ပြီး လာမယ့် ​အောက်တိုဘာလ ၂၃ ရက်​နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL