Celebrity News

Paris မြို့ကို ရောက်ရောက်ချင်း Jisoo နဲ့ တန်း date ခဲ့တဲ့ Jennie

BLACKPINK အဖွဲ့ဝင်တွေအကုန်လုံးဟာ ခုတစ်ပတ် Paris Fashion Week တက်ဖို့အတွက် Paris မြို့တော်ကို သွားကိုသွားကြရမှာပါ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် schedule မတူတဲ့အတွက် Seoul ကနေ ထွက်ခွါတဲ့အချိန်တွေက မတူကြပါဖူး။

Rosé နဲ့ Jisoo ကတော့ ပွဲတက်ရမဲ့ time မတူပေမဲ့ ပွဲတက်ရမဲ့နေ့တူတဲ့အတွက် September 25 ရက်နေ့မှာ အတူတူ seoul ကနေ ထွက်ခွါခဲ့ပါတယ်။ ပွဲနေ့ 28 ရက်နေ့မှာ နှစ်ယောက်စလုံး လှချင်တိုင်းလှနေကြလို့ worldwide trending တောင် ဖြစ်သွားပါသေးတယ်။ Rosé ဟာ Paris မှာ ပွဲပြီး နောက်ထပ်တစ်ရက်ဘဲနေပြီး Seoul ကို ပြန်သွားခဲ့ပါတယ်။

Jisoo ကတော့ Paris မှာ ကျန်နေခဲ့ပါတယ်။ တဘက်မှာတော့ October ၅ ရက်နေ့မှ ပွဲတက်ဖို့ရှိတဲ့ Jennie ဟာ September 29 မှာ Paris ကို အစောကြီးကြိုသွားခဲ့ပါတယ်။ ရောက်ရောက်ချင်း Jisoo ကို ပြေးတွေ့ပြီး နှစ်ယောက်သား ပဲရစ်တခွင် လျှောက်လည်ခဲ့ကြပါတယ်။

အရင်ဆုံး ပဲရစ်မြို့ရဲ့ အထင်ကရဖြစ်တဲ့ အီဖယ်တာဝါကိုလည်း လှမ်းကြည့်လို့ရ၊ တမြို့လုံးကိုလည်း အပေါ်စီးကနေ ကြည့်လို့ရတဲ့ view ကောင်းကောင်းကနေ နှစ်ယောက်သား နေဝင်ချိန်ဆည်းဆာအလှကို ခံစားကြည့်ရှုခဲ့ကြပါတယ်။ မှတ်တမ်းတင် အလှဓာတ်ပုံလေးတွေလည်း တစ်ယောက်တစ်လှည့်ရိုက်ပေးရင်းနဲ့ပေါ့။

ညစာကို café တစ်ခုထဲ ဝင်ပြီး အရသာရှိတဲ့ ပြင်သစ် dessert ​တွေကို အတူတူစားသောက် ခဲ့ကြပါတယ်။တဖြည်းဖြည်း ညနက်လာတာနဲ့အမျှ စိန့်မြစ်ဘေးကို သွားပြီး တံတားပေါ်ကနေ ပဲရစ်မြို့ရဲ့ ညအလှကို ခံစားကြည့်ရှုရင်း နှစ်ယောက်သား အချိန်ကုန်ဆုံးခဲ့ကြပါတယ်။

တနေကုန်လျှောက်လည်ခဲ့တဲ့ ထိုပုံရိပ်တွေကို Jennie ရော Jisoo ရော သူတို့ကိုယ်ပိုင် instagram မှာ အသီးသီးတင်ခဲ့ပါတယ်။ Jennie ကတော့ “0h!! Paris မှာ unnie Jisoo နဲ့ ချိန်းတွေ့ခဲ့ရတဲ့ ညလေးကို လွမ်းလိုက်တာ” ဆိုတဲ့ caption နဲ့ တင်ခဲ့တာပါ။ “ငါတို့ခုလည်း Paris မှာရှိနေတုန်းဘဲလေ Jendeukie” ဆိုပြီး Jisoo က reply ပြန်ခဲ့ပါတယ်။

Source: sbs news
Written: Violet