Celebrity News

“Paris Fashion Week” မှာ High Heel ကြီးနဲ့ ​​ဂေါ်ထွက်​နေခဲ့တဲ့ GOT7 အဖွဲ့ဝင် Mark

GOT7 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Mark Tuan ဟာ ၂၀၂၁ ခုနှစ်အတွက် “Paris Fashion Week” ကို တက်​ရောက်ဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက ပဲရစ်မြို့ကို ​ရောက်ရှိ​နေပြီး စက်တင်ဘာလ ၃၀ ရက်​နေ့မှာ Rick Owens ဖက်ရှင်အမှတ်တံဆိပ်ရဲ့ “2022 Spring/Summer Collection Show” ကို တက်​ရောက်ခဲ့ပါတယ်။ Mark ဟာဆိုရင် ​ခေါင်းက​နေ ​ခြေဖျားအထိ Rick Owens ရဲ့ Fall 2021 Menswear Collection ​တွေနဲ့ ဝတ်စားပြင်ဆင်ထားပြီး ထိုပွဲကို ​ရှေ့ဆုံးခုံက​နေ တက်​ရောက်အား​ပေးခဲ့တာပါ။ သူဝတ်ဆင်ခဲ့တဲ့ jumpsuit တစ်ခုတည်း​တောင်မှ ​ဒေါ်လာ ၃၆၉၀ ​လောက်တန်ဖိုးရှိပြီး ​ဒေါ်လာ ၈၃၀ တန် ​နေကာမျက်မှန်နဲ့ ​ဒေါ်လာ ၂၇၁၅ တန် ဘွတ်ဖိနပ်​တွေကလည်း အ​တော်​လေးကို အာရုံစိုက်မှုရရှိပြီး လူ​ပြောစရာဖြစ်ခဲ့ပါတယ်။

သူဟာ အဲ့ဒီပွဲကို ဖန်တီးမှုဒါရိုက်တာ​တစ်​​ယောက်ဖြစ်သလို Mark ရဲ့ သူငယ်ချင်းအရင်းဖြစ်တဲ့ Will Chan နဲ့ တက်​ရောက်ခဲ့တာဖြစ်သလို Will က ဒီအခိုက်အတန့်​လေးကို သူ့ရဲ့ Instagram က follower ​တွေထံ မျှ​ဝေခဲ့ပါတယ်။ သူဟာ Mark ရဲ့ အလန်းစားပုံ​တော်​တော်များများကိုလည်း Instagram Story ​တွေမှာ တင်ခဲ့ပါတယ်။

Will ဟာ သူနဲ့ Mark ရဲ့ ဘွတ်ဖိနပ်​တွေကိုလည်း အနီးကပ်ရိုက်ပြခဲ့ပါတယ်။ အဲ့ဒီ ဘွတ်ဖိနပ်​တွေဟာ သာမန်မဟုတ်ပဲ ​ဒေါက်အမြင့်ကြီး​တွေပါတဲ့ ဘွတ်ဖိနပ်​တွေဖြစ်တာ​ကြောင့် မြင်သူတိုင်းကို အံ့အားသင့်​​စေခဲ့ပါတယ်။ Mark ဟာ ဒီလိုနည်းနဲ့ ကျားမခွဲခြားသတ်မှတ်ထားတဲ့ စံချိန်စံညွှန်း​တွေကို ထပ်မံချိုးဖျက်လိုက်ပြန်ပြီဖြစ်ပါတယ်။ Mark အတွက်​တော့ ဖက်ရှင်မှာ ကျားမခွဲခြားထားတာမရှိဘူးလို့ သက်​သေပြလိုက်သလိုပါပဲ။

ဒါ့အပြင် Mark ဟာ Rick Owens ရဲ့ 2022 Spring/Summer Paris Fashion Week ကို ဧည့်သည်​တော်အ​နေနဲ့ တက်​​ရောက်လာတာဆို​ပေမဲ့ ဖက်ရှင်ရှိုးမှာ ဝင်​လျှောက်မယ့် ​မော်ဒယ်အတိုင်းပဲ အရမ်းကို မိမိုက်​နေခဲ့တာပါ။ ဒီလို ​ဒေါက်အမြင့်ကြီးပါတဲ့ ဘွတ်ဖိနပ်​တွေကို စီးပြီး အထာကျကျ​လျှောက်လှမ်းဖို့ဆိုတာ ပ​ရော်ဖက်ရှင်နယ်​မော်ဒယ်​တွေအတွက်သာ ဖြစ်နိုင်တဲ့အရာမို့ပါပဲ။ ဒါ​ကြောင့်လည်း Mark ကို အနီးကပ်လာကြည့်ပြီး နှုတ်ဆက်တဲ့ ​မော်ဒယ်​တွေ influencer ​တွေအများကြီးရှိခဲ့ပါတယ်။

ဒါ​ပေမဲ့ Mark ဟာ နာမည်​​ကျော်အနုပညာရှင်​တွေနဲ့သာ ​တွေ့ဆုံခဲ့တာမဟုတ်ပဲ ပွဲမှာ သူ့ကို လာ​ရောက်ကြည့်ရှုကြတဲ့ များစွာ​သော ပရိသတ်​တွေအတွက်လည်း အချိန်​ပေးခဲ့ပါတယ်။ သူဟာ ပရိသတ်​တွေအတွက် လက်မှတ်​တွေ ​ရေးထိုး​​ပေးခဲ့ပြီး ကံ​ကောင်းတဲ့ ပရိသတ်​တွေဆိုရင် သူနဲ့ selfie ​တောင်မှ အတူတူရိုက်ခွင့်ရခဲ့ပါတယ်။

Mark ဟာ ထို​နေ့မှာပဲ Rick Owens ပွဲတင်သာမက Raf Simons Show နဲ့ CR Fashion Book Parade Issue Party တို့ကိုလည်း တခြားဝတ်စုံတွေလဲပြီး တက်​ရောက်ခဲ့ပါတယ်။ တစ်​နေ့တည်းမှာ ပွဲ ၃ ပွဲလုံးကို တက်​ရောက်ပြီး Paris Fashion Show လား Mark Fashion Show လား မသိ​အောင်ကို လုပ်ပစ်ခဲ့တာပါ။ Mark တစ်​ယောက် အဆို​တော်လုပ်ဖို့ ​ရွေးချယ်သွားလို့ ​မော်ဒယ်​တွေ ကံ​ကောင်းသွားတယ်လို့​တောင် ဆိုရမလိုပါပဲ။

Source : Koreaboo
Photo : Twitter
Written : ZL