Celebrity News

“Eternal Faith” ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဟာ လက်ရှောင်သွားပြီဆိုပြီး သတင်းတွေ ထွက်ပေါ်နေ

လူစိတ်ဝင်စားမှုအများဆုံး Bromance ဇာတ်လမ်းသစ်ဖြစ်တဲ့ Eternal Faith ကတော့ ရိုက်ကူးရေးဖက်မှာ တော်တော်လေး အဆင်မပြေဖြစ်နေပါတယ်။ ဇူလိုင်လကတည်းက စတင်ရိုက်ကူးနေပေမဲ့ အာဏာပိုင်တွေက BL adaptations ဇာတ်လမ်းတွေကို တင်းကြပ်စွာတားမြစ်လာတာကြောင့် ရှေ့ဆက်ဖို့ မျှော်လင့်ချက်မဲ့နေခဲ့ပါတယ်။ ဒါ့အပြင် Director Chan Ka Lam ကလည်း ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိတာကြောင့် နှုတ်ထွက်တော့မယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ်။

Heaven’s Official Blessing ဝတ္ထုကို အခြေခံကာ ရိုက်ကူးနေတာဖြစ်ပြီး Zhang Linghe နဲ့ Zhai Xiaowen တို့က အဓိကဇာတ်လိုက်တွေပါ။ ၂၀၂၁ မှကြေညာခဲ့တဲ့ အကြီးစား project တစ်ခုဖြစ်ပြီး မျိုးဆက်သစ် သရုပ်ဆောင် Zhang Linghe နဲ့ Zhai Xiaowen တို့ကို အကြီးအကျယ်အောင်မြင်စေလိမ့်မယ်လို့ပါ ခန့်မှန်းထားကြတာပါ။ ရိုက်ကူးရေးပိုင်းမှာလည်း The Untamed ရဲ့ ပဲ့ကိုင်ရှင် Chan Ka Lam က တာဝန်ယူထားပြီး အကြီးအကျယ်အောင်မြင်လာနိုင်ကြောင်း အာမခံထားတာပါ။

ဒါပေမဲ့လည်း Chan Ka Lam က ရိုက်ကူးရေးအပြင်အဆင်ပိုင်းနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျတာကြောင့် သူ့ရဲ့အဖွဲ့တွေက ဇာတ်လမ်းကနေ နှုတ်ထွက်မယ့်အကြောင်း သတင်းထွက်လာပါတော့တယ်။ သတင်းတွေအရ Eternal Faith ရိုက်ကူးရေးကို ဒါရိုက်တာအသစ်ရရှိတဲ့အထိ ခေတ္တရပ်နားထားပါတယ်။ အောက်တိုဘာလမှာ ဇာတ်လမ်းသစ်ရိုက်ဖို့ Chan Ka Lam ဟာ ထွက်လိုက်တာဖြစ်နိုင်ကြောင်း အင်တာနက်တခွင်ပလူပျံနေပေမဲ့ ဒါရိုက်တာကတော့ ဘာမှပြောဆိုခြင်းမရှိသေးပါဘူး။

အစပိုင်းက အပိုင်း ၆၀ အထိ ပါဝင်မယ်လို့ သတင်းထုတ်ပြန်ထားပြီး ၈ လကြာရိုက်ကူးသွားမှာပါ။ ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် ထုတ်လွှင့်ပြသခွင့်ရဖို့တောင် မသေချာပါဘူး။ Eternal Faith အနေနဲ့ အဓိကဇာတ်လိုက်မင်းသား ၂ ယောက်ကြားက romance တွေကို ဖယ်ထုတ်နိုင်တယ်လို့ပါ ခန့်မှန်းနေကြပါတယ်။

Sources: World Journal
Photos: Weibo
Translated by Julix