Celebrity News

ကမ္ဘာကျော် YSL Brand ရဲ့ ဒါရိုက်တာက အစ သည်းသည်းလှုပ် မြှောက်စားခြင်းကို ခံထားရတဲ့ Rosé

ကမ္ဘာကျော် တန်ဖိုးကြီး ပြင်သစ် fashion brand ဖြစ်တဲ့ Saint Laurent (YSL) ကို Yves Saint Laurent နဲ့ Pierre Berge တို့က 1961 ခုနှစ်ထဲက စတင်ထူထောင်ခဲ့တာပါ။ 2016 ခုနှစ်မှာတော့ Anthony Vaccarello က creative Director အဖြစ်တာဝန်ယူခဲ့ပါတယ်။

ဒီနှစ်တွေအတွင်းမှာ တောင်ကိုရီးယား အဆိုတော် Kpop idol တွေလည်း fashion industry ထဲမှာ နာမည်ကြီးပြယုဂ်တွေဖြစ်လာတဲ့အခါ BLACKPINK အဖွဲ့ Rosé ကိုလည်း YSL brand က မျက်စိကျခဲ့ပါတယ်။ YSL brand နဲ့ဆို တသားထဲဖြစ်နေတဲ့ Rosé ကို တစတစ ချီးမြှောက်ရင်း နောက်ဆုံး Global Brand Ambassador လုပ်ပေးဖို့အထိပါ ကမ်းလှမ်းခဲ့ပါတယ်။

ဩဇီသူလေး ဖြစ်တဲ့ Rosé ဟာ English လို မွတ်ထွတ်နေအောင် ပြောတတ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းသူဖြစ်တာမို့ YSL brand director “Anthony”နဲ့ လည်း အရမ်းရင်းနှီးလာခဲ့ပါတယ်။ သူတို့အရင်ဆုံး စတွေ့ဖြစ်တာကတော့ 2019 ခုနှစ် Paris မှာပါ။

2021 ခုနှစ်မှာ covid ရောဂါဟာ အရှိန်မသေသေးပေမဲ့ Anthony ရဲ့ ကလေးလေး “luca” အတွက် Rosé ဟာ oversea ထိ တကူးတက သွားတွေ့ခဲ့ပါတယ်။ Rosé နဲ့ ဒီလောက်ထိ ရင်းနှီးသွားကြတဲ့ Anthony ဟာ 2021 ခုနှစ်ရဲ့ “Met Gala” ပွဲကြီးကို Rosé နဲ့အတူ ပွဲတက်ခဲ့ပါသေးတယ်။

ဒီနှစ်ရဲ့ Paris Fashion Week အတွက်လည်း Rosé ကို YSL ကိုယ်စားပြု ဖြစ်စေချင်တဲ့အတွက် သေချာဆင်ယင်ပေးပြီး ပွဲထုတ်ခဲ့ပါတယ်။ ခုလို Rosé ကို ပွဲတိုင်း သည်းသည်းလှုပ်ပွဲထုတ်ဖြစ်ပုံနဲ့ပက်သက်ပြီး Anthony က ပြောပြခဲ့ပါတယ်။

“သူမက Saint Laurent brand အတွက် မွေးဖွားလာသလိုဘဲ။ သူမဘယ်လိုလေးဘဲ ဝတ်ဆင် ဝတ်ဆင် သမားရိုးကျမဖြစ်ဘဲ ကွဲထွက်ပြီး သူများထက်ထူးပြီးလှတယ်။ Rosé ဟာ ယနေ့မျက်မှောက်ခေတ် society ရဲ့ ကိုယ်စားပြုပါ”

Rosé ဟာ idol အဖြစ် မအောင်မြင်ခင်ထဲက YSL brand ကို ကိုင်တွယ်သုံးစွဲပြီး သူမအကြိုက်ဆုံးပါလို့ ပြောဖူးပါတယ်။ ဒါကြောင့်လည်း သူမ ခုလို YSL brand global ambassador ဖြစ်လာတဲ့အခါ ပျော်ရွှင်တက်ကြွနေချက်ပါဘဲ။ YSL brand ဝတ်ထားရင် အရမ်းမိုက်ပြီး powerful look ရှိတာကိုတွေ့ရမှာပါ။ တကယ်လို့ ရိုးရိုးလေးဝတ်လာတာတောင် Rosé ရဲ့ ကိုယ်ရောင်ကိုယ်ဝါကြောင့် အားလုံးမှင်သက်ရစမြဲပါ။

YSL brand နဲ့လက်တွဲဖြစ်တဲ့ သူမ ခံစားချက်ကိုလည်း ခုလိုဝေမျှခဲ့ပါတယ်။ “YSL ဝတ်တိုင်း ကျွန်မရဲ့ style နဲ့တသားထဲဖြစ်တယ်လို့ ခံစားရတယ်။ မိန်းကလေးတစ်ယောက်ရဲ့ သတ္တိရှိပြီး ထက်မြက်တဲ့ပုံစံ ပေါ်လွင်အောင် ဒီဇိုင်းဆွဲဖန်တီးနိုင်တဲ့ Anthony ကို အရမ်းသဘောကျတယ်။ YSL brand ကို အသေးစိပ်ကအစ ကျွန်မချစ်တယ်”

Source : Koreaboo
Written : Violet