Celebrity News

ပြည်မကြီးမှာ ကိုယ်ပိုင် Studio ထောင်လိုက်တဲ့ WinWin အပေါ် SM ရဲ့ တုန့်ပြန်ကြေညာချက်

နိုင်ငံခြားသားအနုပညာရှင်တွေကိုပါ မွေးထုတ်ပေးတဲ့ SM Entertainment ကတော့ ချိုင်းနားနိုင်ငံသားဖြစ်သူ NCT’s WinWin နဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ WinWin က ပြည်မကြီးမှာ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင် studio ကို တည်ထောင်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး SM ဖက်က အတည်ပြုခဲ့ပါတယ်။

September 30 ရက်နေ့က SM Entertainment ဖက်ကနေ ကြေညာစာထွက်လာပါတယ်။ “WinWin ကတော့ ပြည်မကြီးမှာ သူ့ရဲ့ သရုပ်ဆောင်အလုပ်တွေကို တိုးချဲ့သွားဖို့ ကိုယ်ပိုင် studio ကို တည်ထောင်ခဲ့တာပါ။ Win Win အနေနဲ့ WayV ကနေ နှုတ်ထွက်သွားတာမျိုးမဟုတ်ဘဲ အခုလိုမျိုး အဖွဲ့ဝင်တစ်ယောက်အဖြစ် ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

WinWin ရဲ့ Studio အသစ်ကတော့ ချိုင်းနားမှာ အခြေချသွားမယ့် သရုပ်ဆောင်အလုပ်သပ်သပ်အတွက်ပဲ ဖွင့်လိုက်တာဖြစ်ပြီး WayV အဖွဲ့ဝင်အနေနဲ့လည်း သက်ဆိုင်နေပြန်ပါသေးတယ်။ WinWin က‌တော့ တရုတ်ကားတစ်ခုမှာ ပါဝင်ရိုက်ကူးမယ်ဆိုပြီး သတင်းထွက်နေပေမဲ့ အတည်ပြုထားခြင်းမရှိသေးတာကြောင့် ရှေ့ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

Source: Soompi
Photos: Naver
Translated by Julix