Celebrity News

စီနီယာ Aum ကိုကျော်လွန်ပြီး အမြင့်ဆုံးစံချိန်ကို ဆက်လက်ရရှိထားသူ ထိုင်းမင်းသမီး Davika

“ထိုင်းနိုင်ငံရဲ့ အလှပဆုံးမင်းသမီး” စာရင်းဝင်ဖြစ်သူ Mai Davika ဟာ အရာရာတိုင်းမှာလည်း သာလွန်ခမ်းနားမှုတွေကို ပိုင်ဆိုင်ထားပါတယ်။ ပရိသတ်တွေနဲ့ ဆက်သွယ်ရာဖြစ်တဲ့ Instagram မှာလည်း မူလ စံချိန်တင်ထားတဲ့ဝါရင်စီနီယာမင်းသမီး Aum Patchrapa ကို ကျော်လွန်ခဲ့ပြီး အမြင့်ဆုံးစံချိန်ကို ဆက်လက်ရယူထားပါတယ်။

မူလက ထိုင်းမင်းသမီးကြားထဲမှာ Instagram Follower အများဆုံးပိုင်ဆိုင်ထားသူကတော့ Aum Patchrapa ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ မတ်လက စတင်ပြီး Mai Davika က စံချိန်သစ်တင်ကာ ကျော်တက်ခဲ့ပြီး October (1) ရက်နေ့မှာဆိုရင် 14.4 million အထိ ရောက်ရှိခဲ့ပါတယ်။

ထိုင်းမင်းသမီးတွေကြား အမြင့်ဆုံးစံချိန်ဖြစ်ပြီး ထိုင်းအနုပညာရှင်အနေနဲ့ဆိုရင် အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ September တစ်လတည်းမှာကို Mai Davika ရဲ့ IG Followers ဟာ ၂ သိန်းနီးပါး တိုးလာခဲ့ပါတယ်။

တနေ့တခြား ကျော်ကြားမှုကြီးမားလာတဲ့ Mai Davika ကတော့ ပြည်တွင်းပြည်ပ အနုပညာလှုပ်ရှားမှုတွေကြောင့် အောင်မြင်မှုကြီးကြီးမားမားကို ပိုင်ဆိုင်ထားတဲ့ ကြေးအကြီးဆုံးစာရင်းဝင် အလွတ်တန်းမင်းသမီးပါပဲ။

ပရိသတ်လွှမ်းမိုးမှုအားကောင်းတာကြောင့် ရုပ်ရှင်ဇာတ်လမ်းဖန်တီးသူတွေ အလိုရှိနေသူဖြစ်နေတဲ့ Mai Davika ရဲ့ ဇာတ်လမ်းသစ်တွေကိုလည်း အားလုံးက စောင့်မျှော်နေကြပါတော့တယ်။

Source: Thaidaily
Photos: Instagram
Translated by Julix