Celebrity News

၂၀၂၁ ခုနှစ်ရဲ့ မြန်မာပရိသတ်တွေကြား အကျော်ကြားဆုံး ထိုင်း BL စုံတွဲ (၁၀) တွဲ

ထိုင်း BL ဇာတ်လမ်းတွဲတွေက မြန်မာပရိသတ်တွေကြားမှာ လူကြိုက်များလာပြီးတဲ့နောက် BL စုံတွဲတွေကိုလည်း အပီအပြင် Support ကြပါတယ်။ ၂၀၂၁ အတွင်း မြန်မာပရိသတ်တွေကြား လူကြိုက်များကျော်ကြားတဲ့ ထိုင်း BL စုံတွဲတွေကို ဖော်ပြလိုတဲ့အတွက် September 16 မှ September 30 ရက်နေ့အထိ မဲပေးရွေးချယ်စေခဲ့ရာ မဲစုစုပေါင်း ၆၉၈၇၆ မဲ တိတိရရှိခဲ့ပါတယ်။ ပရိသတ်တွေပေးခဲ့သမျှ မဲရလဒ်တွေအရ ထိပ်ဆုံး Top (10) စာရင်းဝင် အတွဲ ၁၀ တွဲကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(1) Mew – Gulf (Winner)

MewGulf အတွဲကတော့ ရာခိုင်နှုန်းစုစုပေါင်း 31%, မဲပေါင်း 21,979 မဲကို ရရှိခဲ့တာကြောင့် အဆင့် (၁) နေရာကိုရရှိခဲ့ပြီး မြန်မာပရိသတ်တွေကြား လူကြိုက်အများဆုံးအတွဲဖြစ်လာခဲ့ပါပြီ။

(2) Perth – Saint

PerthSaint အတွဲကတော့ ရာခိုင်နှုန်းအားဖြင့် 25%, မဲစုစုပေါင်း 17,605 မဲဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

(3) Bright – Win

တတိယနေရာမှာရှိနေတဲ့စုံတွဲကတော့ BrightWin စုံတွဲပါ။ မဲပေါင်း 13,414 မဲ, ရာခိုင်နှုန်းအားဖြင့် 19% နဲ့အတူ အဆင့် (၃) နေရာကို ရယူထားခဲ့ပါတယ်။

ကျန်ရှိနေတဲ့ Top (10) စာရင်း‌ဝင် BL စုံတွဲတွေကတော့…

(4) Off – Gun = 6% (3,870 votes)

(5) Boun – Prem = 3% (2,183 votes)

(6) Earth – Mix = 3% (1,973 votes)

(7) BK – PP = 2% (1,244 votes)

(8) Zee – Saint = 2% (1,175 votes)

(9) Ohm – Fluke = 2% (1,114 votes)

(10) Tay – New = 2% (1,071 votes) တို့ပဲ ဖြစ်ကြပါတယ်။

By Admin Team

Voting Result: The Most Popular Thai BL Couple of 2021 in Myanmar