Celebrity News

ဇာတ်ညွှန်းအတိုင်းသာဆို “Squid Game”ထဲမှာ ပါဝင်လာဖွယ်မရှိတဲ့ Jung Ho Yeon နဲ့ Lee Yoo Mi

လက်ရှိ ကမ္ဘာတစ်ဝန်းမှာ “Squid Game” ဇာတ်လမ်းတွဲက ​အောင်မြင်​ကျော်ကြားလာတာနဲ့အမျှ ထိုဇာတ်လမ်းတွဲထဲက သရုပ်​ဆောင်​တွေဟာလည်း ပရိသတ်​တွေရဲ့ အချစ်ကို လက်ခံရရှိ​နေပြီး ဘယ်တုန်းကမှ မရဖူးတဲ့ ​အောင်မြင်မှုမျိုးကို ​တွေ့ကြုံ​နေရလျက်ရှိပါတယ်။

ပရိသတ်အကြိုက် သရုပ်​ဆောင်​တွေထဲကမှ အဓိကမိန်းက​​လေးဇာတ်​​ဆောင်၂ ဦးဖြစ်တဲ့ Jung Ho Yeon နဲ့ Lee Yoo Mi တို့ဟာ ဒီဇာတ်လမ်းထဲမှာ မပါဝင်​တော့မလို​​တောင်ဖြစ်ခဲ့ပါတယ်။ ဒီသည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲထဲကမှ ရှားရှားပါးပါး စိတ်တူကိုယ်တူ မိန်းက​​လေး ၂ ဦးက မ​မျှော်လင့်ပဲ သူငယ်ချင်းဖြစ်သွားကြပြီး တစ်ဦးအတွက် တစ်ဦးက အနစ်နာခံတဲ့ ဇာတ်ညွှန်းက ပရိသတ်​တွေရင်ထဲမှာ စွဲကျန်​နေခဲ့တာပါ။

ဒါ​ကြောင့် ဒီဇာတ်ကွက်ကို ​ပီပြင်​အောင် သရုပ်​ဆောင်နိုင်ခဲ့တဲ့ Jung Ho Yeon နဲ့ Lee Yoo Mi တို့ဟာလည်း ပရိသတ်​တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး လူ​ပြောများခဲ့ပါတယ်။ Jung Ho Yeon က​ မြောက်ကိုရီးယားက ထွက်​ပြေးလာတဲ့ ကစားသမား နံပါတ် ၆၇ Kang Sae Byeok အဖြစ် သရုပ်​​ဆောင်ပြီး Lee Yoo Mi က ကစားသမား နံပါတ် ၂၄၀ Ji Yeong အဖြစ် သရုပ်​ဆောင်ခဲ့တာဖြစ်ပါတယ်။

မကြာ​သေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “Squid Game” ဒါရိုက်တာ Hwang Dong Hyuk က ဒီဇာတ်လမ်းတွဲထဲရဲ့ ​သရုပ်​ဆောင်​တွေထဲမှာ မင်းသမီး Jung Ho Yeon နဲ့ Lee Yo Mi တို့ မပါဝင်​တော့မလိုဖြစ်ခဲ့တယ်ဆိုတဲ့ ​အံ့အားသင့်ဖွယ် အဖြစ်မှန်ကို ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

ဘာ​ကြောင့်လဲဆို​တော့ ဒါရိုက်တာ Hwang Dong Hyuk လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီဇာတ်ညွှန်းကို စ​ရေးတုန်းက ဒီဇာတ်​ကောင် ၂ ခုဟာ ​ယောကျ်ား​လေး​တွေဖြစ်​နေပြီး Ji Yeong ဇာတ်​ကောင်ကိုလည်း Ji Yong လို့ အမည်​ပေးထားခဲ့တာဖြစ်လို့ပါပဲ။ ဒီဇာတ်​ကောင် ၂ ခုကို ​ယောကျ်ား​လေးက​နေ မိန်းက​လေးအဖြစ် ​ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပုံနဲ့ ပတ်သက်ပြီး​တော့လည်း သူက အခုလို ​ပြောပြခဲ့ပါတယ်။

“ဘယ်သူမဆို အသက်အန္တရာယ်နဲ့ ကြုံလာပြီဆိုရင် မ​ကောင်းတဲ့စိတ်ဝင်လာတတ်ကြတယ်။ ဒါ​ပေမဲ့ အဲ့လို မ​ကောင်းတဲ့စိတ်မရှိတဲ့ ဇာတ်​ကောင်မျိုး ရှိရမယ်ဆိုရင် ကျွန်​တော်အ​နေနဲ့ Sae Byeok နဲ့ Ji Yeong ကိုပဲ ဖြစ်​​စေချင်တယ်။ တစ်​ယောက်နဲ့တစ်​​ယောက်လုံးဝမသိကြပဲ ဒီလိုအ​ခြေအ​နေမျိုးမှာ မိတ်​ဆွေ​တွေဖြစ်ကြပြီး တစ်​​ယောက်နဲ့တစ်​ယောက် သစ္စာရှိမှု၊ ကိုယ်ချင်းစာမှု၊ နားလည်​မှုတို့ကို ရှာ​တွေ့မယ်ဆိုလည်း သူတို့ ၂ ​ယောက်ကိုပဲဖြစ်​စေချင်တယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာ Hwang Dong Hyuk က ဒီဇာတ်​ကောင် ၂ ခုကို မိန်း​က​လေးအဖြစ်​ပြောင်းလဲဖို့နဲ့ Kang Sae Byeok နဲ့ Ji Yeong ကြားက soulmate လို ဆက်ဆံ​ရေးကို ဖန်တီးဖို့ ​ဘယ်လိုမျိုး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့လည်းဆိုတာကိုလည်း ပရိသတ်​တွေကို မျှ​ဝေခဲ့ပါတယ်။

သူက “ကျွန်​တော် ဇာတ်ညွှန်း​ရေးပြီးသွားတဲ့အချိန်မှာ မိန်းက​လေး​တွေမှာ သစ္စာရှိမှုနဲ့ စည်းလုံးညီညွတ်မှုရှိတယ်ဆိုတာကို ​သ​ဘော​ပေါက်သွားခဲ့တယ်။ ဒါက လက်​တွေ့လည်း ပိုပြီးဆန်တယ်” လို့ ​ပြောပြခဲ့ပါတယ်။ ဒါရိုက်တာကြီးရဲ့ ဆုံးဖြတ်ချက်က တကယ်ကို မှန်ကန်သွားတယ်လို့ ဆိုရမှာပါ။

ဘာ​ကြောင့်လဲဆို​တော့ “Squid Game” ဇာတ်လမ်းရဲ့ ​အောင်မြင်မှုမှာ ဒီဇာတ်​ကောင် ၂ ခုရဲ့ ဆက်ဆံ​ရေးက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်​နေလို့ပါပဲ။ ပြီး​တော့ Jung Ho Yeon နဲ့ Lee Yoo Mi တို့ မပါဝင်တဲ့ “Squid Game” ကို ပရိသတ်​တွေအ​နေနဲ့ စဉ်းစားကြည့်လို့​တောင် မရနိုင်လို့ပဲဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL