Celebrity News

မကျော်ကြားတော့တဲ့တနေ့ လုပ်နေမိလောက်တဲ့အရာတစ်ခုကို ပြောပြခဲ့သူ Lu Han

Lu Han ကို ချစ်ကြတဲ့ပရိသတ်တွေက တကမ္ဘာလုံးမှာ သန်းချီပြီး ရှိနေပါတယ်။ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းတတ်တဲ့ တည်ငြိမ်သူလေးဖြစ်လို့ Lu Han ကို အတုယူကြပါတယ်။ အနာဂတ်မှာ မကျော်ကြားတော့တဲ့ နေ့ရက်တွေရောက်လာမယ်ဆိုရင် သူ လုပ်ဖြစ်နေလောက်တဲ့ အရာကို ပြောပြခဲ့ဖူးပါတယ်။

Lu Han က “တစ်နေ့မှာ မကျော်ကြားတဲ့တစ်နေ့ကို ရောက်လာခဲ့ရင် ကျွန်တော်ကတော့ လမ်းဘေးမှာ satay (အကင်စုံ‌တွေ) ရောင်းဖြစ်လောက်ပါတယ်” ဆိုပြီး ရိုးရိုးရှင်းရှင်းပြောပြခဲ့ဖူးပါတယ်။

ရှုပ်ထွေးတဲ့ဘဝကြီးကို မနှစ်သက်ဘဲ ရိုးရှင်းစွာပဲ ဖြတ်သန်းလိုတဲ့ Lu Han လို့တောင် ဆိုရပါတော့မယ်။ ဒီလိုရိုးရှင်းလွန်းတဲ့ Lu Han ရဲ့အတွေးကိုတော့ အားလုံးက အံ့ဩကုန်ကြတာပါပဲ။

Lu Han က အရင်ကတည်းကတိုင် နူးညံ့ရိုးရှင်းသူအဖြစ် နာမည်တွင်းသူဖြစ်ပြီး အင်တာဗျူးတော်တော်များများမှာလည်း သူအသက်ကြီးသွားရင်တောင် လူတိုင်းက သူ့ရဲ့နာမည်လေးကို အမှတ်ရနေစေချင်ကြောင်း ပြောခဲ့ဖူးပါသေးတယ်။ ဒါ့ကြောင့်လည်း Lu Han ကိုယ်တိုင်ဟာ ကျေနပ်ရောင့်ရဲပြီး အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းတတ်တဲ့စရိုက်ကို သတိပြုမိခဲ့ကြပါတယ်။

ဒါတင်မက concert ကျင်းပဖို့ ပြင်ဆင်မှုအကြောင်းတွေမေးမြန်းရင်လည်း အလျင်မလိုတဲ့အပြင် လုံခြုံစိတ်ချရမှုကသာအရေးကြီးကြောင်း ပြောဆိုခဲ့ဖူးပါသေးတယ်။ ဒီလိုအချက်တွေကြောင့်ပဲ Luhan ကိုတော့ ရှုပ်ထွေးခြင်းမရှိ ရိုးရှင်းတည်ငြိမ်သူအဖြစ် အားလုံးက သတ်မှတ်ထားကြ‌ပါတော့တယ်။

Source: Cdramaid
Photos: Weibo
Translated by Julix