Celebrity News

ဇာတ်လမ်းထဲမှာ ချစ်ခန်းကြိုက်ခန်း ခပ်ကြမ်းကြမ်းရိုက်ပေမဲ့ လက်တွေ့မှာတော့ သိမ်မွေ့ကြင်နာလွန်းတဲ့ ဘဲကြီး Heo Sung Tae

လတ်တလော ထွက်ရှိထားတဲ့ တောင်ကိုရီးယား Netflix series ဖြစ်တဲ့ Squid Game ကတော့ ခေတ်စားနေလိုက်တာ ကမ္ဘာနဲ့တဝှမ်းပါဘဲ။ အယောက် ၄၅၆ ထဲကမှ နောက်ဆုံး တစ်ယောက်ထဲထိ ရှင်ကျန်အောင် ကစားရတဲ့ ကစားပွဲကို ရိုက်ထားတဲ့ အဆိုပါ series ဟာ ချောက်ခြားဖွယ်၊တုန်လှုပ်ဖွယ်အခန်းတွေပါရုံမက ကြည့်ရှုသူတွေ မျက်ရည်ကျစေတဲ့ အခန်းတွေလည်းပါ ပါတယ်။

Series ထဲမှာပါတဲ့ သရုပ်ဆောင်တိုင်းဟာ ကျရာအခန်းကို အံ့မခန်းသရုပ်ဆောင်ထားပြီး ဗီလိန်ဆိုလည်း တကယ့်ရွံမုန်းဖွယ်ကောင်းအောင် လုပ်ပြထားပါတယ်။ ဒါ့အပြင် အချစ်ခန်းခပ်ကြမ်းကြမ်းတွေလည်း ပါ..ပါသေးတယ်။

ဂန်းစတားဖြစ်သူ လူကြမ်းနေရာက သရုပ်ဆောင်ရတဲ့ မင်းသား Heo Sung Tae ကတော့ ထိုကားထဲမှာ ကြမ်းရမ်းနေပေမဲ့ လက်တွေ့ဘဝမှာတော့ ထက်မြက်ပြီး ကြင်နာလွန်းတဲ့သူပါ။ မင်းသားဟာ လက်ရှိမှာ အသက် 42 ရှိပြီ ဖြစ်ပြီး ဇနီးလည်းရှိပါတယ်။

Pusan ​​National University မှာ ရှရှား ဘာသာစကားနဲ့ ယဉ်ကျေးမှုကို သင်ယူခဲ့ပြီး မင်းသားမလုပ်ခင်က LG Electronic ရဲ့ နိုင်ငံခြားလက်ခွဲ business marketing team မှာ အလုပ်လုပ်ခဲ့ပါတယ်။ အာ့နောက်ပိုင်းမှာ တောင်ကိုရီးယားရဲ့ အကြီးဆုံး Daewoo Shipbuilding & Marine Co. မှာ စီမံခန့်ခွဲမှုအကြီးပိုင်းမှာ အလုပ်လုပ်ခဲ့ပါတယ်။

သူ့ရဲ့ တစ်လ တစ်လ ဝင်ငွေဟာ 70million won (S$80.4K) လောက်ရှိတယ်ဆိုပေမဲ့ 2011 ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Be The Star” talent show မှာ ပါပြီးတဲ့နောက်မှာ လစာကောင်းတဲ့ သူ့အလုပ်တွေကို စွန့်လွှတ်ပြီး အနုပညာလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။

အာ့နောက်ပိုင်း ခုချိန်ထိ movie၊ drama ပေါင်း ကား ၆၀ လောက်ရိုက်ကူးခဲ့ရပြီး 2018 ခုနှစ်မှာဆို အကောင်းဆုံး သရုပ်ဆောင် ဆုပါရခဲ့ပါတယ်။ ခု 2021 ခုနှစ်ရဲ့ squid game ထုတ်လွှင့်တဲ့အခါမှာ ကမ္ဘာနဲ့အဝှမ်း လူသိပိုများလာပြီး သူ့ရဲ့ Instagram follower တွေဆို ထိုးတက်သွားလိုက်တာ 570K followers ကျော်နေပါပြီ။

သူတင်တဲ့ပုံတွေကတော့ ကြောင်လေးတွေနဲ့ တွဲရိုက်ထားတာဖြစ်ပြီး ကြောင်အတော်ချစ်ပုံရပါတယ်။ တခါတလေ cute type effect တွေနဲ့လည်း ပုံ ရိုက်ပါသေးတယ်။ သူ့ရဲ့ ဇာတ်လမ်းထဲက ပိုက်ဆံမရှိ အကြင်နာမဲ့ ဂန်းစတားလူဆိုးဘဝနဲ့ လက်တွေ့ဘဝ က အတော်ခြားနားတာမို့ အံ့အားသင့်စရာပါဘဲနော်။

Source: Sbs news
Written: Violet