Celebrity News

လူတိုင်းအားလုံးအတွက် အသိပွင့်သွားစေမယ့် အကြံတစ်ခုအား ရဲရင့်စွာပြောခဲ့ဖူးသူလေး Jisoo

BLACKPINK အဖွဲ့ကတော့ ပရိသတ်တွေကကော၊ Idol အချင်းချင်းကပါ စံယူကြတဲ့ ကမ္ဘာကျော်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ လူတိုင်းကိုယ်စီမှာ စံပြ ဆိုပြီး သတ်မှတ်ထားကြတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်‌ယောက်ကတော့ ရှိကြမှာပါ။ တချို့ကတော့ ကိုယ်အားကျလေးစားရသူတွေအတိုင်း တထပ်တည်းဖြစ်လာဖို့ ကြိုးစားတတ်ကြပါတယ်။

ဒီအတွက် Jisoo ဟာ အသိပွင့်သွားအောင် အကြံပြုခဲ့ပါသေးတယ်။ ELLE နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Jisoo က တစုံတယောက်ကို role model အဖြစ်သတ်မှတ်ပြီး ဘဝကြီးအတွက် ကြိုးစားတာက အကောင်းဆုံးနည်းလမ်းမဟုတ်သေးကြောင်း ပြောပြခဲ့ပါတယ်။

“Role model တွေထားပြီး ဘဝကြီးကို ကြိုးစားချင်ကြတဲ့သူတွေကိုတော့ ကျွန်မအနေနဲ့ တစ်ခုလောက်အကြံပြုချင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ပုံစံအတိုင်း တထပ်တည်းကျဖို့ လိုက်လံကြိုးစားနေတာထက် ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို တွေဝေတုန့်ဆိုင်းခြင်းမရှိဘဲ လက်တွေ့အကောင်အထည်ဖော်ရင်း မနက်ဖြန်တိုင်းကို ဖြတ်သန်းစေချင်မိတယ်။

ကျွန်မကိုယ်တိုင်လည်း တခြားသူလိုမျိုးဖြစ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဆန္ဒပြည့်သွားတယ်လို့ မခံစားရဘဲ ရင်ထဲမှာ လစ်ဟာသွားသလို ခံစားခဲ့ရတယ်။ ကျွန်မအကြံပြုချင်တာက လူတိုင်းဟာ သူတို့ရဲ့အတွင်းစိတ် အနက်ရှိုင်းဆုံးကနေ သူတို့ရဲ့ကိုယ်ပိုင် role model တွေကို တည်ဆောက်ကြည့်သင့်ပါတယ်” ဆိုပြီး Jisoo လေးက အဓိပ္ပါယ်ရှိတဲ့ ကိုယ်ပိုင်ရပ်တည်မှုမျိုးကို တည်‌ဆောက်နိုင်ဖို့ အကြံပေးခဲ့ပါတယ်။

Jisoo လေးကတော့ အပြင်ပိုင်းက နတ်မိမယ်တစ်ပါးလို လှပရုံသာမကဘဲ အတွင်းစိတ်၊ နှလုံးသားတစ်စုံကလည်း လှပလွန်းလှပါတယ်။ သူမရဲ့ပရိသတ်တွေအတွက်ကော ရှိရှိသမျှလူတိုင်းအတွက်ပါ ဘဝကြီးအတွက် တကယ်ကို အထောက်အကူဖြစ်စေမယ့် အသိကို ထည့်ပေးခဲ့ပါတော့တယ်။

Source: Koreaboo
Photos: YG Official
Translated by Julix