Celebrity News

အိုဘားမား၊ Google CEO အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့အပြိုင် “Dear Earth” ပွဲမှာမိန့်ခွန်းပြောမဲ့ BLACKPINK

September 1 က နေ September 9 အထိ “ဘယ် female idol က ဆောင်းဦး ballad song music video ရိုက်ကူးမဲ့ main character နဲ့ အသင့်တော်ဆုံးလည်း” ဆိုပြီး online poll တစ်ခုလုပ်ခဲ့ပါတယ်။ ထို poll မှာ Jisoo ဟာ vote ပေါင်း 24,586 votes နဲ့ ပထမနေရာကို ရခဲ့ပါတယ်။

တဘက်မှာတော့ BLACKPINK အဖွဲ့ဟာ YouTube ကနေ စီစဉ်တဲ့ “Dear Earth’ campaign event” ပွဲမှာ ပါအုံးမှာပါ။ ထိုပွဲဟာ October 23 မှာ ကျင်းပမှာ ဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမား၊ Google CEO “Sundar Pichai” တို့အပြင် ကမ္ဘာ့ခေါင်းဆောင်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီပွဲဟာ ကမ္ဘာကြီးကို တန်ဖိုးထားချစ်ခင်စေတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး BLACKPINK အဖွဲ့ဟာ UN က ခန့်အပ်တဲ့ ရာသီဥတုဆိုင်ရာ သံတမန်တွေ ဖြစ်လို့ ခုလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အပြိုင်ပါဝင်ခွင့်ရတာဖြစ်ပါတယ်။

ထိုပွဲမှာ BLACKPINK member တွေဟာ ကမ္ဘာကြီးပူနွေးပြောင်းလဲလာတာနဲ့ ပက်သက်ပြီး အပြုသဘောဆောင်တဲ့ စကားတွေပြောမှာ ဖြစ်ပြီး special performance တွေနဲ့လည်း ဖျော်ဖြေအုံးမယ်လို့ သိရပါတယ်။

Source: Allkpop
Written: Violet