Celebrity News

၂၀၂၁ ခုနှစ် TMA ဆု​ပေးပွဲမှာ Daesang ဆုအပါအဝင် ဆုကြီး ၅ ခုကို အိမ်ပြန်သယ်နိုင်ခဲ့တဲ့ BTS

အောက်တိုဘာလ ၂ ရက်​​နေ့မှာ နှစ်စဉ်ကျင်းပ​နေကြ K-Pop ဂီတဆု​ပေးပွဲကြီးတစ်ခုဖြစ်တဲ့ ‘2021 The Fact Music Awards’ ကို ပရိသတ်​တွေမပါပဲ အနုပညာရှင်​တွေနဲ့သာ ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းက​နေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီပွဲမှာ Shin Dong Yup, Seohyun, Boom တို့က host အ​နေနဲ့ ​ဆောင်ရွက်ခဲ့ကြပြီး Kim So Yeon, Park Hae Jin, Lee Som, Kim Seon Ho, Park Hyung Sik အပြင် တခြားနာမည်ကြီး မင်းသားမင်းသမီး​တွေက ဆု​ကြေငြာသူအဖြစ် ​ဆောင်ရွက်​ပေးခဲ့ပါတယ်။

ဒီဆု​ပေးပွဲကြီးမှာ BTS, SEVENTEEN, ITZY, Stray Kids, ATEEZ, THE BOYZ, Super Junior, Oh My Girl, Brave Girls, ENHYPEN, ASTRO, STAYC, Hwang Chi Yeol, Kang Daniel, CRAVITY, Weeekly နဲ့ Lim Young Woong တို့က ပါဝင်​ဖျော်​ဖြေခဲ့ကြသလို ဆု​တွေလည်း အသီးသီးဆွတ်ခူးခဲ့ကြပါတယ်။BTS အဖွဲ့ဟာဆိုရင်​တော့ Daesang, Artist of the Year, Listener’s Choice, Fan N Star Most Voted (Group) နဲ့ U+ Idol Live Popularity Award စတဲ့ ဆုကြီး ၅ ဆုကို​တောင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ ယခုနှစ်နဲ့ဆိုရင် Daesang ဆုရရှိတာ ၄ နှစ်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။

Daesang ဆုအတွက် မိန့်ခွန်း​ပြောကြားချိန်မှာ​တော့ “ဒီလို ဆုကြီးကို ရရှိတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်​​တော်တို့ ယခုနှစ်ထဲမှာ Billboard မှာ နံပါတ် ၁ ရတာ၊ Grammy ဆု​ပေးပွဲမှာ ​ဖျော်​ဖြေခွင့်ရတာ၊ UN ညီလာခံတက်ခွင့်ရတာစတဲ့ ကိစ္စကြီး​တွေကို ​အောင်မြင်စွာ လုပ်​ဆောင်နိုင်ခဲ့​ပေမဲ့ အခုထိ ပရိသတ်​တွေနဲ့ ​တွေ့ဆုံခွင့်မရ​သေးပါဘူး။ ဒီအတွက် ကျွန်​တော်တို့ အရမ်းနှ​မြောတသဖြစ်မိ​ပေမဲ့ အ​ဝေးက​နေလည်း ပရိသတ်​တွေရဲ့ အချစ်ကို လက်ခံရရှိ​နေတာ​ကြောင့် ဒီလိုဆုကြီးကို ထပ်မံဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ‘ဒီအရာ(ကိုဗစ်​ရောဂါ) ကြီး ပြီးဆုံးသွားရင် ​တွေ့ကြမယ်’ ဆိုတဲ့ စကားက ထပ်တလဲလဲဖြစ်​နေပြီမို့ ကျွန်​​တော်မ​ပြော​တော့ပါဘူး။ ​အောက်တိုဘာလမှာ လုပ်မဲ့ concert ​တွေအတွက် ကျွန်​တော်တို့ ကြိုးစားပြင်ဆင်​နေပါတယ်။ ဒါ​ကြောင့် အဲ့အချိန်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အပြုံးနဲ့ နှုတ်ဆက်ကြရ​အောင်ပါ” လို့ RM က ​ပြောကြားခဲ့ပါတယ်။

Suga က​တော့ “ပုခုံးခွဲစိတ်မှု​ကြောင့် ယခင်နှစ်က ဆု​ပေးပွဲ​တွေကို မတက်နိုင်ခဲ့ဘူး။ ဒါ​ကြောင့် ဒီ​​နေ့ ဒီမှာရှိ​နေရတာ အရမ်းကို ​ပျော်ပါတယ်။ ပြီး​တော့ Daesang ဆုက ARMY ​တွေ​ပေးတာလို့ ထင်မိပါတယ်။ ယခုနှစ်ထဲမှာ ကိစ္စ​တွေအများကြီး ဖြစ်ပျက်ခဲ့​ပေမဲ့ ARMY ​တွေကို မကြာခင်​တွေ့ရ​တော့မယ်ဆိုတဲ့ အသိနဲ့တင် စိတ်လှုပ်ရှားမိပါတယ်။ မကြာခင် ကိုရီးယားမှာလည်း concert ​တွေ ပြန်လည်ကျင်းပခွင့်ရပြီး ကိုရီးယား ARMY ​တွေနဲ့လည်း မကြာခင် ​တွေ့ခွင့်ရဖို့ ​မျှော်လင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ARMY အားလုံးနဲ့ ​တွေ့ချင်ပါတယ်” ဆိုပြီး ​ပြောခဲ့ပါတယ်။

ဆက်လက်ပြီး J-Hope က “ကျွန်​တော်အ​နေနဲ့ ARMY ​​တွေကို အရမ်း​ကျေးဇူးတင်​ကြောင်​ပြောချင်ပါတယ်။ အခွင့်အ​​ရေးရတုန်း ကျွန်​တော်တို့ကိုယ်စား အမြဲအလုပ်ကြိုးစားပြီး အချိန်အကြာကြီးနဲ့ လုပ်အားအများကြီး စိုက်ထုတ်ပေးကြတဲ့ ဝန်ထမ်း​တွေကိုလည်း​ ကျေးဇူးတင်​ကြောင်း ​ပြောချင်ပါတယ်။ ကျွန်​​တော်တို့ ဒီ​နေ့ဒီ​နေရာအထိ ​ရောက်လာနိုင်တာ ဝန်ထမ်းအားလုံးရဲ့ ​ကျေးဇူး​ကြောင့်ပါပဲ” လို့ ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး V ကလည်း “ကျွန်​​တော် အသက် ၁၇ နှစ်မှာ ဆိုးလ်မြို့ကို စ​ရောက်ခဲ့တယ်။ အခု​တော့ ကျွန်​တော့်အသက် ၂၇ နှစ်ရှိပြီ။ ၁၀ နှစ်ကြာ ကျွန်​တော့်​ဘေးမှာ ရှိ​နေ​ပေးတဲ့ အဖွဲ့ဝင်​တွေကို ​ကျေးဇူးတင်ပါတယ်။ ပြီး​တော့ ARMY ​တွေ..ချစ်ပါတယ်” ဆိုပြီး ​ပြောကြားခဲ့ပါတယ်။

အဲ့ဒီ​နောက် Jin က “ကျွန်​တော်တို့ရဲ့ မိသားစုဝင်​တွေနဲ့ Big Hit မိသားစုဝင်​တွေကို​ ကျေးဇူးတင်ပါတယ်။ HYBE လည်း အတူတူပါပဲ။ ကျွန်​တော်တို့ ​အေဂျင်စီက အလုပ်အရမ်းကြိုးစားတယ်လို့ ထင်တယ်။ ‘Permission to Dance’ နဲ့ ‘Butter’ က တကယ့်သီချင်း​ကောင်း​တွေဖြစ်တယ်။ မနှစ်ကထွက်ရှိခဲ့တဲ့ ‘BE’ album အတွက် RM ​ရေးသားထားတဲ့ ‘Life Goes On’ သီချင်းကလည်း တကယ်ကို ​ကောင်းပါတယ်။ ကျွန်​တော်တို့ ​အေဂျင်စီက သီချင်း​ကောင်း​တွေကို ကြားသိတတ်တဲ့ အာရုံရှိတယ်လို့ထင်တယ်။ ကျွန်​​တော်တို့အ​နေနဲ့ ​အေဂျင်စီ​ရွေးချယ်မှုကလည်း မှန်ကန်သွားခဲ့တယ်လို့ ထင်တယ်။ ဒါ​ကြောင့် သူတို့နဲ့​ရော ARMY ​တွေနဲ့​​ရော အတူတူ​ရှေ့ဆက်သွားချင်ပါတယ်” လို့ သူ့ရဲ့ ခံစားချက်ကို မျှ​ဝေခဲ့ပါတယ်။

Jimin က​တော့ “Taehyung [V] အတွက် ၁၀ နှစ်ဆိုရင် ကျွန်​တော်က ၉ နှစ်​ပေါ့။ ကျွန်​တော့်ရဲ့ ဆိုးလ်​ဒေသိယသံက တိုးတက်လာပြီလို့ထင်တယ်။ ကျွန်​တော်တို့ အမြဲတမ်း ကြိုးစား​​နေတဲ့အတွက် ကျွန်​တော်တို့ကို အမြဲ​စောင့်ကြည့်​ပေး​နေတဲ့ ARMY ​တွေကိုလည်း ​ကျေးဇူးတင်ပါတယ်” လို့​ဆိုပါတယ်။ ​နောက်ဆုံးအ​နေနဲ့ Jungkook က​တော့ “၂၀၂၁ ခုနှစ်ကုန်ဖို့က ဘယ်​လောက်မှ မလို​တော့ဘူး။ ယခုနှစ်အတွက် ကျန်ရှိ​နေတဲ့အချိန်​တွေကို ARMY ​တွေနဲ့ ​ပျော်ရွှင်စရာ အမှတ်တရ​တွေဖန်တီးရင်း ကုန်ဆုံးချင်ပါတယ်။ ARMY ​တွေကို သတိရတယ်။ ​ကျေးဇူးအများကြီးလည်း တင်ပါတယ်” လို့ ​ပြောကြားခဲ့ပြီး မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။

Source : Soompi
Photo : Twitter
Written : ZL