Celebrity News

ကလေးသရုပ်ဆောင်လေးကတောင် သဘောကျကြောင်း ဖော်ပြခံခဲ့ရတဲ့ Luo YunXi

ဇာတ်လမ်းတွဲတချို့မှာ ကလေးသရုပ်‌ဆောင်လေးတွေ ပါဝင်လာပြီးနောက်မှာ‌တော့ သူတို့လေးတွေပြောပြတဲ့ အနုပညာရှင်အကြောင်းတွေဆိုရင် ချစ်စရာကောင်းလှပါတယ်။ ဒီတစ်ခါမှာလည်း Luo YunXi ရိုက်ကူးနေတဲ့ ဇာတ်လမ်းသစ်ဖြစ်‌တဲ့ Light Chaser ထဲက ကလေးသရုပ်ဆောင်မင်းသမီးလေး Jin manxi ဟာ YunXi ကို သဘောကျစွာပဲ ဖော်ပြကာ post တင်ခဲ့ပါတယ်။

XiXi ရေးတင်ထားတာလေးက “နောက်ဆုံးတော့ idol Luo YunXi နဲ့ တွေ့ခွင့်ရခဲ့ပါပြီ။ တအားကို နူးညံ့သိမ်မွေ့ပြီး တအားကို ချောမွတ်တဲ့ အသားအရေရှိတဲ့အပြင် တအားချောတဲ့သူပါပဲ။ ကျွန်မကိုလည်း ချစ်စရာကောင်းတယ်,လို့ ပြောသွားပါသေးတယ်” ဆိုပြီး ပျော်ရွှင်စွာရေးသားရင်း အတူတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားခဲ့ပါတယ်။

တကယ့်ကိုကံကောင်းတဲ့ ကလေးမလေးလို့ ပြောရပါမယ်နော်။ သူမ နှစ်သက်တဲ့အနုပညာရှင်နဲ့ ဇာတ်လမ်းအတူတူရိုက်ရင်း ဆုံစည်းခွင့်ရတာလည်းဖြစ်ပါတယ်။ တကယ့်အပြင်မှာလည်း YunXi ဟာ သိမ်မွေ့ညင်သာနေတာကို XiXi က ထုတ်ပြောပြခဲ့ပါတယ်။ တစ်ခါလောက်တော့ YunXi ရဲ့ ကြင်နာနွေးထွေးမှုတွေကို လက်တွေ့ခံစားကြည့်ချင်ပါသေးတယ်နော်။

Source: Twitter
Photos: Twitter
Translated by Julix