Celebrity News

နာမည်ကြီးဂျပန်မဂ္ဂဇင်းမှာ ကမ္ဘာကျော်ကြယ်ပွင့်တွေနဲ့အတူ ပါဝင်လာတဲ့ ချိုင်းနားမင်းသားများ

ဂျပန်နိုင်ငံအခြေစိုက် လူသိများတဲ့မဂ္ဂဇင်းဖြစ်တဲ့ Women’s Fashion magazine 25ans ဟာ ကမ္ဘာအရပ်ရပ်က နာမည်ကြီး အနုပညာရှင်ပေါင်းများစွာကို ဆန်းစစ်ခဲ့ပြီး “national treasure faces” (နိုင်ငံ့ အဖိုးတန်မျက်နှာဖုံးများ)ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ကြယ်ပွင့် အယောက် ၂၀ ကို ရွေးချယ်ထုတ်ပြန်ပေးခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးသားအနုပညာရှင်တွေရဲ့ ထူးခြားတဲ့ပုံစံတွေကို ရွေးချယ်ခဲ့ရာ “ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်ခံရမှုပိုမိုရရှိလာနေတဲ့ ကြယ်ပွင့် အယောက် ၂၀” ကို ဖော်ပြပေးခဲ့တာပါ။ စာရင်းထဲမှာ ချိုင်းနားရဲ့ဂုဏ်‌ဆောင် ကြယ်ပွင့် (၄) ဦးပါလာခဲ့ပါတယ်။

Jackson Yee “ပြည်မကြီးကို စိုးမိုးနေတဲ့ ထိပ်တန်း idol တစ်ဦး”

Dylan Wang “ကောလိပ်ကျောင်းသားပွဲတော်မှာ အနိုင်ရဗိုလ်စွဲပြီးနောက် ဖျော်ဖြေရေးလောကထဲကို ဝင်ရောက်လာခဲ့သူ”

Xu Kai “ပြောစရာမလိုလောက်အောင် အရပ်ရှည်ရှည်နဲ့ ခန့်ညားချောမောသူ”

Song Weilong “သဏ္ဍာန်လုပ် သရုပ်တူပီပြင်ပြီး သန်မာတောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်”

အစရှိတဲ့ ဖော်ပြချက်အမျိုးမျိုးနဲ့ အယောက် (၂၀) ထဲမှာ ပါဝင်လာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Cha EunWoo, V နဲ့ Song Kang တို့အပြင် အနောက်တိုင်းက ကမ္ဘာ့ကြယ်ပွင့်တွေနဲ့အတူ ရင်ဘောင်တန်းရင်း ပါဝင်လာခဲ့တာဖြစ်ပါတော့တယ်။

Source: Allkpop
Photos: Allkpop
Translated by Julix