Celebrity News

တစ်​နေ့ကြရင် မြန်မာနိုင်ငံကို အလည်လာချင်တယ်ဆိုတဲ့ F4 မင်းသားတဖြစ်လဲ SS501 အဖွဲ့ဝင် Kim Hyun Joong

SS501 အဖွဲ့ဝင်​တစ်ဦးဖြစ်သလို သရုပ်​ဆောင်တစ်ဦးဖြစ်တဲ့ Kim Hyun Joong ဟာ လက်ရှိမှာ တစ်ကိုယ်​တော် concert ​တွေကျင်းပခြင်း၊ ကိုယ်ပိုင် YouTube မှာ သူ့ရဲ့​ လှုပ်ရှားမှုမျိုးစုံကို Vlog အဖြစ်ရိုက်တင်ခြင်းစသဖြင့် တစ်​ကိုယ်​တော်အနုပညာ လှုပ်ရှားမှုမျိုးစုံကို ပြုလုပ်လျက်ရှိပါတယ်။

Kim Hyun Joong ဟာ ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ Online Concert တွေကို Prism Time အမည်နဲ့ ယခုနှစ် မေလကတည်းက စတင် ကျင်းပခဲ့ပါတယ်။ ပွဲတစ်ခုစီတိုင်းမှာ အသစ်အသစ်တွေ၊ ကွဲပြားတဲ့ စတိတ်စင် အပြင်အဆင်တွေ နဲ့ ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။

Kim Hyun Joong ဟာ ဒီ concert ​တွေကို ​ရောင်စဉ် ၇ သွယ်နဲ့တင်စားပြီး ပွဲတိုင်းကို အ​​ရောင်တစ်​ရောင်စီရဲ့ အမည်မှည့်တွင်ပြီး အဝတ်အစားနဲ့ concept ကိုလည်း ​​ပွဲတစ်ပွဲချင်းရဲ့ ကိုယ်စားပြုအ​​ရောင်​တွေနဲ့ လိုက်ဖက်​အောင် ​​ပြင်ဆင်​တင်ဆက်​လေ့ရှိပါတယ်။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

ဒီပွဲတွေမှာ သူ Debut လုပ်ချိန်ကနေ ခုချိန်ထိ သီဆိုခဲ့တဲ့ ထူးခြားကောင်းမွန်တဲ့ သီချင်းတွေကို သူ့ရဲ့ Band နဲ့ အတူ တင်ဆက်ခဲ့ပါတယ်။ Prism Time Project ဟာ ၇ ကြိမ်ရှိမှာဖြစ်ပြီး ၁ ကြိမ်ပဲ ကျန်တော့မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် ဆဌမအကြိမ်မြောက်ဖြစ်တဲ့ Monthly Concert Prism Time ကိုလည်း မနေ့က အောက်တိုဘာလ ၂ ရက်နေ့မှာ ဆိုးလ်မြို့ Yongsan-gu၊ Nodeul Island Live House မှာ ကျင်းပခဲ့ပါတယ်။ ဒီ concert ရဲ့အမည်ကို​တော့ “Indigo” လို့အမည်​ပေးထားပါတယ်။

ဒီပွဲအတွင်းမှာ သူဟာ ပရိသတ်​တွေရဲ့ မှတ်ချက်​တွေကိုလည်း ဖတ်ရှုပြီး ပရိသတ်​တွေနဲ့ ​ပြောဆိုဆက်ဆံခဲ့ပါတယ်။ အဲ့ဒီမှာ မြန်မာပရိသတ်တစ်​ယောက်ရဲ့ “Love From Myanmar” ဆိုတဲ့ comment ​လေးကို Kim Hyun Joong က​တွေ့သွားခဲ့ပါတယ်။

အဲ့ဒီအခါ သူက “​ကျေးဇူးတင်ပါတယ်။ မြန်မာက ပရိသတ်​တွေအများကြီးပဲ။ ကျွန်​တော် တစ်​​နေ့ကြရင် မြန်မာကို သွားချင်တယ်။ ကျွန်​တော် မြန်မာနိုင်ငံအ​ကြောင်းကို အမြဲ​ပြော​လေ့ရှိပါတယ်” ဆိုပြီး ပြန်လည်​​ပြောကြားခဲ့ပါတယ်။

Kim Hyun Joong အ​နေနဲ့ မြန်မာမှာ သူ့ရဲ့ ပရိသတ်​တွေအများကြီးရှိ​နေတာ​ကို သိ​နေပြီး ဒါ​ကြောင့်လည်း မြန်မာနိုင်ငံကိုလာပြီး ​အနုပညာနဲ့ ​ဖျော်​​ဖြေကာ ​ကျေးဇူးဆပ်တဲ့ စိတ်ကူးရှိပုံရပါတယ်။

မြန်မာပရိသတ်​​တွေကလည်း သူ့ကို ​တွေ့ဆုံချင်မှာ အ​သေအချာပဲမို့ အ​ခြေအ​နေ​တွေတည်ငြိမ်​​အေးချမ်းသွားတဲ့အခါ မြန်မာကိုလာပြီး concert လုပ်ရင်း မြန်မာပရိသတ်​​တွေနဲ့ တွေ့ဆုံနိုင်မယ့်​နေ့​လေး အမြန်ဆုံး​ရောက်လာဖို့ ဆု​တောင်းပါတယ်။

Source : Blessings Kim Hyun Joong-Myanmar Henecia
Photo : Instagram
Written : ZL