Celebrity News

Mature Concepts တွေအဖြစ် ပြောင်းလဲလာခြင်းအပေါ် Tzuyu ရဲ့ ခံစားချက်က ဘယ်လိုဖြစ်မလဲ

TWICE အဖွဲ့က မကြာ‌သေးခင်ကမှ English သီချင်းလေးဖြစ်တဲ့ “The Feels” ကို ထုတ်ပေးထားပါတယ်။ သီချင်းလေးထဲမှာ သူတို့ အနုပညာသက်တမ်းတလျှောက် လှုပ်ရှားမှုပုံရိပ်လေးတွေကို ထည့်သွင်းရိုက်ကူးထားပြီး ဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ Tzuyu က L’Officiel Singapore မှာ ဖြေကြားပေးခဲ့ပါတယ်။

“မင်းရဲ့အသံနဲ့ ပုံရိပ်က ဘယ်လိုမျိုးပြောင်းလဲလာခဲ့လဲ” ဆိုပြီးမေးတဲ့အခါ Tzuyu က TWICE အဖွဲ့ရဲ့ ပထမဆုံး full-length album ဖြစ်တဲ့ Twicetagram ထွက်ရှိပြီးနောက် ပြောင်းလဲလာခဲ့သမျှကို ဖြေပေးခဲ့ပါတယ်။

“Likey”, “Heart Shaker” စတဲ့ သီချင်းလေးတွေဟာ အရောင်အသွေးစုံလင်ပြီး ကောင်မလေးတွေရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဆောင်ကြဉ်းထားတာပါ။ ဒီနှစ်ထွက်လာတဲ့ “Alcohol-Free” နဲ့ “Perfect World” သီချင်းတွေကတော့ party vibe ကို ပေးခဲ့ပြီး ပြောင်းလဲလာခဲ့တဲ့ ရင့်ကျက်မှုပုံစံတွေကို ချပြခဲ့ပါတယ်။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

Tzuyu က “Twicetagram နောက်ပိုင်း ကျွန်မတို့တဖွဲ့လုံး ပြောင်းလဲလာခဲ့တယ်။ အရင်က တောက်တောက်ပပနဲ့ ချစ်စရာအသွင်မျိုးလေးတွေပဲ ပုံဖော်ခဲ့ရပေမဲ့ အခုတော့ ပြောင်းလဲရင့်ကျက်လာတဲ့ပုံစံတွေကို ချပြနေပါပြီ။

Taste Of Love နဲ့ Perfect အဓိက ခြားနားချက်ကတော့ Taste of Love တုန်းက နွေရာသီကာလ လွတ်လပ်လန်းဆန်းမှုတွေကို ခံစားစေပြီး Perfect World မှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိပြီး ပိုလန်းတဲ့ပုံစံကို ချပြထားတာပါ” လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

Taste of Love album အကြောင်း ပရိသတ်တွေရဲ့ တုန့်ပြန်ပုံကိုတော့ Tzuyu က ကျေနပ်စွာပြောပြခဲ့ပါတယ်။ ONCEs‌ တွေရဲ့ ချီးမွမ်းမှုတွေကို ရခဲ့တာကြောင့် Tzuyu က “ကျွန်မတို့ရဲ့ ပရိသတ်ကြီးက အမြဲလိုလိုလုပ်နေကျအတိုင်း album သစ်ကို အများကြီး နှစ်ခြိုက်ပေးကြတယ်။

ဒီလိုလေးတွေက ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူစေပြီး အချစ်ခံရသလို ခံစားမိစေပါ‌တယ်” လို့ ကျေးဇူးတင်ပြောခဲ့ပါသေးတယ်။ Tzuyu ရဲ့ ပထမဆုံးသော solo magazine cover အတွက်လည်း ဂုဏ်ယူနေရပါတယ်နော်။

Source: Soompi
Photos: L’Officiel
Translated by Julix