Celebrity News

နာမည်ကြီးအနုပညာရှင်တွေရဲ့ Fanboy လေးတွေဖြစ်နေကြတဲ့ ပေါက်စီမြေမှ လူချောများ

အနုပညာရှင်အချင်းချင်း နှစ်သက်အားပေးတာမျိုးကတော့ ပရိသတ်တွေကြားမှ မထူးဆန်းတော့တဲ့အရာပါပဲ။ ဒီတစ်ခါ ပေါက်စီမြေက မင်းသားတွေဟာ တခြားသော အနုပညာရှင်တွေရဲ့ Fanboy လေးတွေဖြစ်နေတာကို ဖော်ပြပေးပါမယ်။

Li Xian

မင်းသားချော Li Xian ကို နှစ်သက်အားပေးတဲ့ ပရိသတ်တွေအများအပြားပါပဲ။ Li Xian ကိုယ်တိုင်ကတော့ ကိုရီးယားနိုင်ငံရဲ့ ထိပ်သီးကြယ်ပွင့်လေး IU ရဲ့ Fanboy ဖြစ်နေတာဟာ အနည်းဆုံး (၆) နှစ်နီးပါးရှိပြီဆိုပြီး အမြင်စူးရှတဲ့ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ IU ဟာ သူမရဲ့ လူမှုကွန်ရက်ကနေ ဘာပဲတင်တင် Li Xian ကတော့ like ပေးထားစမြဲပါပဲ။ ရေမြေခြားက အနုပညာရှင်ကို အားပေးနေတဲ့ fanboy ကြီးပါပဲ။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

Zitao

EXO အဖွဲ့ဝင်ဟောင်းဖြစ်တာကြောင့် Kpop လောကနဲ့ရင်းနှီးနေသူ Zitao ကတော့ သူဟာ ကိုရီးယားကြယ်ပွင့်တစ်ဦးကို သဘောကျနှစ်ခြိုက်နေကြောင်း ပြောပြခဲ့ဖူးပါတယ်။ စူးစမ်း‌ရ‌ှာဖွေတဲ့နေရာမှာ ဆရာကြီးတွေဖြစ်တဲ့ပရိသတ်တွေက အဆိုပါအမျိုးသမီးလေးဟာ IU ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ Tao တစ်ယောက် Following လုပ်ထားတဲ့ တစ်ဦးတည်းသော တောင်ကိုရီးယား အမျိုးသမီးအနုပညာရှင်လေးကတော့ IU ဖြစ်နေတာကြောင့် Tao နှစ်သက်အားပေးနေသူဟာ IU လေးဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတော့တယ်။

Xiao Zhan

တကမ္ဘာလုံး fan အလုံးအရင်းရရှိထားတဲ့ Xiao Zhan ကတော့ သူ အားပေးတဲ့ စီနီယာအနုပညာရှင်ရှိပါတယ်။ Yanzi Sun ကိုတော့ Xiao Zhan နှစ်ခြိုက်အားပေးလာခဲ့တာ ဆယ်စုနှစ် တစ်ခုလောက်ရှိနေပြီဖြစ်ပြီး သူမကြောင့်ပဲ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းပါ ပြောပြခဲ့ဖူးပါတယ်။ Yanzi Sun ကို netizens တွေက တိုက်ခိုက်ပြောဆိုတုန်းကလည်း Xiao Zhan က ကာကွယ်ပေးခဲ့တဲ့ Fanboy လေးပဲဖြစ်ပါတော့တယ်။

Wei Daxun

ချမ်းသာတဲ့မိသားစုနောက်ခံကြောင့် လူအများပါးစပ်ဖျားမှာ အကြိမ်ကြိမ်ရောက်ရှိတဲ့ Wei Daxun ဟာ Yang Mi ရဲ့ အကြီးစား Fanboy ကြီးပါပဲ။ Yang Mi ကို တွေ့ချင်လွန်းလို့ အနုပညာလောကထဲမှာ ဝင်ဆန့်နိုင်အောင် ဝိတ်တောင်ချခဲ့ပြီး အသားကုန်ကြိုးစားခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် Yang Mi နဲ့လည်း Dating သတင်းတွေလည်း ထွက်ရှိထားခဲ့ဖူးပါသေးတယ်

Source: Richard Times
Photos: Weibo
Translated by Julix