Celebrity News

ပဲရစ်မြို့တော်ကို ထွက်ခွါဖို့ အံ့အားသင့်စရာ စျေးကြီးတဲ့ outfit လေးဝတ်ပြီး လေဆိပ်ဆင်းလာတဲ့ Lisa

2021 ခုနှစ်ရဲ့ Paris Fashion Week ကတော့ September 28 ကနေ October 5 ထိ ကျင်းပမှာ ဖြစ်ပြီး Chanel Brand Ambassador “Jennie” နဲ့ Celine Brand Ambassador “Lisa” တို့က October 5 ရက်နေ့မှာ ပွဲတက်ကြမှာပါ။ Jennie ကတော့ September 29 မှာ ပဲရစ်ကို သွားခဲ့ပြီး Lisa လေးကတော့ ဒီနေ့ October 4 ရက်နေ့မှာ အင်ချွန်းလေဆိပ်ကနေ ပဲရစ်ကို စတင်ထွက်ခွါနေပါပြီ။

Lisa ဟာ ပဲရစ်သွားဖို့ အတွက် security တွေ staff တွေ အပြည့်အစုံနဲ့ ရောက်လာခဲ့တာဖြစ်ပြီး luggage (6) လုံးတောင် သယ်သွားပါတယ်။ လေဆိပ်ဆင်းလာတဲ့ fashion ကလည်း ချစ်ဖို့လည်းကောင်း အထာလည်းကျတဲ့ ပုံစံမျိုးလေးပါ။ သေးသွယ်တဲ့ခါးအလှကို ဖော်ကျူးဖို့ crop top လေးကို ripped Jean ဘောင်းဘီအရှည်နဲ့ တွဲဝတ်ထားပါတယ်။ အပေါ်ကနေ coat လေး ထပ်ဝတ်ထားတာက ခု ဆောင်းဦးရာသီနဲ့ ကွက်တိပါဘဲ။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

အဆိုပါ Chasseur Blazer Jacket အမည်းရောင်လေးက CELINE အမှတ်တံဆိပ်ဖြစ်ပြီး တန်ဖိုးငွေက $3500 ကနေ $4500 USD ကြားမှာရှိပါတယ်။ ထိုအင်္ကျီက official store မှာ ဝယ်လို့တောင်မရတော့ပါဖူးတဲ့။ Lisa ကိုင်ထားတဲ့ အိတ်အဖြူရောင်လေးဟာ $2086 USD တန်ဖိုးငွေရှိပါတယ်။ ဂျင်းဘောင်းဘီလေးကို ဆန်းသွားအောင် ပတ်ထားတဲ့ ရွှေရောင်ချိန်းကြိုးလေးကတော့ $445 USD တန်ဖိုးရှိပါတယ်။

ဆံပင်ကတော့ အတိုလေးညှပ်ထားပြီး ပြုံးနေလိုက်တာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ကာလအတော်ကြာဝေးကွာနေတဲ့ သူမရဲ့ fansite တွေဘက်ကို လှည့်ပြီး heart sign တွေ ဘာတွေ လုပ်ပြခဲ့ပါသေးတယ်။ Lisa လေးက တော်တော်ပျော်နေတာမို့ Paris Fashion Week မှာလည်း ဘယ်လိုတွေလန်းနေမလည်းဆိုတာ ရင်ခုန်နေပါပြီ။

Source: Koreaboo
Written: Violet