Celebrity News

Song Hye Kyo နဲ့ Lee Sung Kyung ကို ​ကျော်တက်ပြီး IG မှာ follower အများဆုံး မင်းသမီးဖြစ်လာတဲ့ Jung Ho Yeon

“Squid Game” မင်းသမီး Jung Ho Yeon ဟာဆိုရင် သူ့ရဲ့ သရုပ်​ဆောင်သက်တမ်းအစမှာပဲ ​နောက်ထပ် မှတ်တမ်းသစ်တစ်ခုကို တင်လိုက်နိုင်ပြီဖြစ်ပါတယ်။ Netflix ရဲ့ “Squid Game” ဇာတ်လမ်းတွဲနဲ့ အဲ့ဒီဇာတ်လမ်းထဲက သရုပ်​ဆောင်​တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လူ​ပြောအများဆုံး ​အ​ကြောင်းအရာဖြစ်ခဲ့ပြီး သရုပ်​ဆောင်​တွေရဲ့ ဆိုရှယ်မီဒီယာ account ​တွေဟာဆိုရင်လည်း ဒီဇာတ်လမ်းပြသပြီး​နောက် follower ​တွေ အများကြီး တိုးလာခဲ့ပါတယ်။

​Jung Ho Yeon ဟာဆိုရင် “Squid Game” ဇာတ်လမ်းတွဲထဲမှာ ​မြောက်ကိုရီးယားက ထွက်​ပြေးလာပြီး စိတ်ဓါတ်ခိုင်မာတဲ့ ​ကောင်မ​လေး Kang Sae Byeok အဖြစ် သရုပ်​ဆောင်ခဲ့ပြီး ပရိသတ်​တွေရဲ့ နှလုံးသားကို အရယူနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ သူမရဲ့ သရုပ်​ဆောင်အဖြစ် ပွဲဦးထွက်ဇာတ်ကားလို့ မထင်ရ​လောက်​အောင်လည်း သရုပ်​ဆောင်ချက်​​တွေက ​ပြောင်​မြောက်လွန်းခဲ့ပါတယ်။ ဒါ​ကြောင့် ဒီဇာတ်လမ်းမပြသမီ follower ၄ သိန်းပဲရှိခဲ့တဲ့ Jung Ho Yeon ရဲ့ Instagram account ဟာ ဇာတ်လမ်းပြသပြီး ၂ ပတ်အတွင်းမှာပဲ follower ၁၀ သန်းထိ ရရှိလာခဲ့ပါတယ်။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

အခုဆိုရင် သူမရဲ့ Instagram account ဟာ follower ၁၃ သန်းရှိ​နေပါပြီ။ ဒီပမာဏဟာ follower ၁၂ သန်းရှိတဲ့ မင်းသမီး Song Hye Kyo နဲ့ ​follower ၁၂.၉ သန်းနဲ့ Instagram မှာ follower အများဆုံး ကိုရီးယားမင်းသမီးဖြစ်ခဲ့တဲ့ Lee Sung Kyung ကို ​ကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒါ​ကြောင့် လက်ရှိမှာ Jung Ho Yeon အဆို​တော်/မင်းသမီး​တွေဖြစ်ကြတဲ့ IU နဲ့ Suzy ကို ထည့်မတွက်ရင် Instagram မှာ follower အများဆုံး ကိုရီးယားမင်းသမီးဖြစ်လာ​ခဲ့ပြီဖြစ်ပါတယ်။

ပွဲဦးထွက် ဇာတ်ကားတစ်ကားတည်းနဲ့ ခုလို ကမ္ဘာအထိ ​အောင်မြင်​အောင်ထိုး​ဖောက်နိုင်ဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့အရာဖြစ်ပြီး​တော့ သူမရဲ့ အရည်အချင်းနဲ့ ဆွဲ​ဆောင်မှုကလည်း ​လေးစားအံ့သြ​လောက်စရာပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာရရှိလာတဲ့ ​”Squid Game” ရဲ့ အောင်မြင်မှုကလည်း ​ကြောက်ခမန်းလိလိပါပဲ။ ​နောက်ပိုင်းကြရင် သူမကို ​​ဟောလီးဝုဒ်ရုပ်ရှင်​တွေမှာလည်း ​တွေ့မြင်လာရလိမ့်မယ်လို့ ပရိသတ်​တွေက ခန့်မှန်း​နေကြပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL