Celebrity News

ကလေးသရုပ်ဆောင်တွေလည်း ဖြစ်တာကြောင့် အနုပညာနယ်ပယ်မှာ စီနီယာကျတဲ့ ကြယ်ပွင့် (၆) ဦး

ချိုင်းနားသရုပ်ဆောင်နယ်ပယ်ထဲမှာ အရည်အချင်းရှိတဲ့ နာမည်ကျော်ကြယ်ပွင့်‌တွေ အများကြီးရှိပါတယ်။ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဖြစ်ခဲ့တာကြောင့် အနုပညာလောကထဲမှာ စီနီယာကျနေတဲ့ ကြယ်ပွင့် (၆) ဦးရှိပါတယ်။

Yang Zi

မင်းသမီးချော Yang Zi က ၂၀၀၂ ခုနှစ် အသက် (၇) နှစ်အရွယ်မှာပဲ “Ru Ci Chu Shan” ဇာတ်လမ်းနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ရှေးဟောင်းဇာတ်လမ်း “Xiaozhuang Epic” မှာလည်း ကြင်ယာတော် Donggo အဖြစ် သရုပ်ဆောင်ဖူးပြီး ၂၀၀၅ ခုနှစ်မှာတော့ “Home With Kids” ဇာတ်လမ်းနဲ့ပဲ အောင်မြင်မှုတွေ စတင်စိုက်ထူနိုင်ခဲ့ပါတော့တယ်။ ၂၀၁၄ မှာ Beijing Film Academy ကနေ ကျောင်းဆင်းခဲ့ပြီးနောက် Yang Zi ဟာ နာမည်ကြီးလာမယ့် ဇာတ်လမ်းတွေရိုက်ကူးရင်း ကျော်ကြားနေပါတော့တယ်။

Leo Wu

Leo Wu ကလည်း ကလေးသရုပ်ဆောင်လေးပါ။ “Nirvana In Fire” ထဲမှာ Fei Liu အဖြစ် ပရိသတ်တွေဆီက အချစ်တွေကို အများကြီး ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက ကြော်ညာမော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာပဲ Nezha အဖြစ် “The Legend and the Hero” ဇာတ်လမ်းထဲမှာ သရုပ်ဆောင်ရင်း “Nation’s Little Brother” အဖြစ်ပါ အသိအမှတ်ပြုခံထားရပါတယ်။

Guan Xiao Tong

အနုပညာအသိုင်းအဝိုင်းကနေ မွေးဖွားလာသူလေး Guan Xiao Tong 2001 ခုနှစ်မှာ “Yan Hai Chen Fu” နဲ့ ပွဲဦးထွက်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဆုရရုပ်ရှင် “Nuan” ထဲမှာ သရုပ်ဆောင်ခဲ့ပြီး ပြည်တွင်းနဲ့ ဂျပန်ပရိသတ်များထံမှ အားပေးမှုတွေရရှိခဲ့ပါတယ်။ ၂၀၂၀ မှာပဲ Beijing Film Academy ကနေ ဘွဲ့ရထားပြီး “Nation’s Daughter” အဖြစ် သတ်မှတ်ခံထားရသူလေးပါပဲ။

Niu Jun Feng

Niu Jun Feng ကိုတော့ “Love O2O” နဲ့ လူသိများလာကြတာပါ။ တကယ်ကတော့ မင်းသားဟာ အသက် ၁၀ နှစ်- 2002 ခုနှစ်ကတည်းက “Jia You Jiao Che” ဟာသရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်‌‌ဆောင်ပါပဲ။

ငယ်စဉ်တုန်းက Peking Opera ကို သင်ယူလေ့လာခဲ့ပြီး National Academy of Chinese Theatre Arts ကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။ တဆင့်ချင်းတက်လာခဲ့တဲ့ ကောင်ငယ်လေးက အခုဆိုရင် နာမည်ရမင်းသားတစ်လက်ဖြစ်နေပါပြီ။

Yang Mi

ထိပ်တန်းမင်းသမီးချော Yang Mi က ကလေးသရုပ်ဆောင်မှန်း လူတိုင်းသိကြပါတယ်။ တောက်ပနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် Yang Mi က တခြားကလေးသရုပ်ဆောင်တွေကြား ချွန်းထွက်နေခဲ့တာပါ။ ၄ နှစ်အရွယ်မှာပဲ “Tang Ming Huang” ထဲမှာ တော်ဝင်မင်းသမီးလေး Xianyi အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့ပါတယ်။

Stephen Chow ရဲ့သမီးအဖြစ် “King of Beggars” ထဲမှာလည်း သရုပ်ဆောင်ခဲ့ဖူးပြန်ပါတယ်။ လူအများမျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ Yang Mi ဟာ Beijing Film Academy ဘွဲ့ရကျောင်းသူဖြစ်သလို Jay Walk Studios ဆိုတဲ့ ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်ထားတဲ့ နာမည်ကြီးမင်းသမီးပဲ ဖြစ်ပါတော့တယ်။

Chen Xing Xu

မင်းသား Chen Xing Xu ကို “Goodbye My Princess” ဇာတ်လမ်းနဲ့ လူသိများပါတယ်။ Central Academy of Drama ကျောင်းထွက်လည်းဖြစ်တဲ့မင်းသားက ၃ နှစ်တုန်းက ပန်းခြံမှာ လမ်းလျှောက်ထွက်ရင်း ကလေးသရုပ်ဆောင်အဖြစ် ကမ်းလှမ်းခံခဲ့ရတာပါ။

၄ နှစ်ပဲ “A Passionate Life” ထဲမှာ စတင်ပါဝင်ရိုက်ကူးခဲ့ပြီး “You Are My Life,” “Golden Marriage,” “The Door to the Wind,” နဲ့ “Sparkling Red Star” စတဲ့ဇာတ်လမ်းတွေထဲမှာ ကလေးသရုပ်‌‌ဆောင်အဖြစ် လက်စွမ်းပြခဲ့ပါတော့တယ်။

Source: Soompi
Photos: Weibo
Translated by Julix