Celebrity News

K-Pop ​လောကမှာ အထူးခြားဆုံးအဖြစ် မှတ်တမ်းတင်ခံထားရတဲ့ အဖွဲ့ (၈) ဖွဲ့

K-Pop အဖွဲ့တိုင်းမှာ မတူညီတဲ့ ထူးခြားချက်​တွေရှိပါတယ်။ ​အေဂျင်စီ​တွေဟာ K-Pop အဖွဲ့တစ်ဖွဲ့ကို ​မွေးထုတ်​တော့မယ်ဆိုရင် သီချင်း၊ concept၊ အဖွဲ့နာမည်၊ စတိုင်စတာ​တွေမှာ ထူးခြားမှု​တွေပါ​​အောင် ထည့်ထား​လေ့ရှိပါတယ်။

ဒါမှသာ ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုကို ရရှိမှာပါ။ အခု​ဖော်ပြ​ပေးမယ့် အဖွဲ့​တွေက​တော့ တခြားအဖွဲ့​တွေထက် ပိုပြီးထူးခြားပါတယ်။ ဘယ်အဖွဲ့​တွေက ဘာ​ကြောင့်ထူးခြားတာလဲဆိုတာကို​တော့ ​အောက်မှာဆက်ပြီး ဖတ်ရှုကြည့်လိုက်ကြရ​အောင်ပါ။

1. BLACKPINK

BLACKPINK အဖွဲ့ဟာ အရည်အချင်းရှိပြီး အား​ကောင်းတဲ့ မိန်းက​လေး ၄ ​ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ​​ကျော် K-Pop မိန်းက​လေးအဖွဲ့ဖြစ်ပါတယ်။ K-Pop အဖွဲ့တိုင်းမှာ ​ခေါင်း​ဆောင်တစ်​ယောက်စီရှိကြ​ပေမဲ့ BLACKPINK အဖွဲ့မှာ​တော့ ​ခေါင်း​ဆောင်မရှိပါဘူး။

ဘယ်လိုအ​ခြေအ​နေမျိုးမဆို အတူတကွ ညိှနှိုင်း​ဖြေရှင်းရမှာဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးချင်းဟာ မိမိကိုယ်ကို စီမံထိန်းသိမ်းရမှာဖြစ်ပါတယ်။ ဒါ​ပေမဲ့ အဖွဲ့ထဲမှာ Jisoo က အသက်အကြီးဆုံးဖြစ်တာ​ကြောင့် အဖွဲ့ဝင်​တွေက​ရော ပရိသတ်​​တွေကပါ အမတစ်​ယောက်လို ​လေးစားအားကိုးကြပါတယ်။

2. KARD

K-Pop အဖွဲ့​တွေကို ပုံမှန်အားဖြင့် ​ယောကျာ်း​လေးချည်းပဲသီးသန့် (သို့) မိန်းက​လေးချည်းပဲသီးသန့် ဖွဲ့စည်း​လေ့ရှိပါတယ်။ ဒါမှသာ အရှုပ်အရှင်းကင်းမှာဖြစ်သလို သီချင်း၊ အကနဲ့ concept ​ရွေးချယ်ရာမှာလည်း ​ပိုပြီး လွယ်ကူမှာဖြစ်ပါတယ်။

ဒါ​ပေမဲ့ KARD အဖွဲ့က​တော့ J.Seph, BM, Somin နဲ့ Jiwoo စတဲ့ ​အဖွဲ့ဝင် ၄ ​ယောက်ပါဝင်ပြီး ၂ ​ယောက်က ​ယောကျ်ား​လေး၊ ၂ ​ယောက်က မိန်းက​လေးဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကျားမအ​ရောဖြစ်တာ​ကြောင့် သူတို့ရဲ့ သီချင်း​တွေ၊ concept ​တွေကလည်း ပိုပြီးထူးခြားသလို teamwork ကလည်း​​ကောင်းတာ​ကြောင့် ဥ​ရောပနိုင်ငံ​တွေမှာ ​ပိုပြီးလူကြိုက်များပါတယ်။

3. TWICE

ယခု​နောက်ပိုင်းမှာဆိုရင် K-Pop အဖွဲ့တစ်ခုမှာ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ ဥ​ရောပနိုင်ငံသား အဖွဲ့ဝင်​တွေပါရှိတာက သမားရိုးကျဖြစ်​နေပါပြီ။ သို့​သော်လည်း TWICE အဖွဲ့က​တော့ အဖွဲ့ထဲမှာ J-line သီးသန့်ပါတဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်ပါတယ်။

J-line ဆိုတာက​တော့ ဂျပန်အဖွဲ့ဝင်​တွေကို ဆိုလိုတာဖြစ်ပါတယ်။ TWICE အဖွဲ့မှာ စုစု​ပေါင်း အဖွဲ့ဝင် ၉ ​ယောက်ပါရှိပြီး Mina, Sana နဲ့ Momo တို့ဟာ ဂျပန်နိုင်ငံသူ​တွေဖြစ်ကြပါတယ်။

4. ENHYPEN

ENHYPEN အဖွဲ့က တခြား K-Pop အဖွဲ့​​တွေနဲ့ မတူပဲ ထူးခြား​နေတဲ့အ​ကြောင်းအရင်းက​တော့ အဖွဲ့​ခေါင်း​ဆောင်​ကြောင့်ပဲဖြစ်ပါတယ်။ K-Pop အဖွဲ့​တွေမှာ များ​သောအားဖြင့် အသက်အကြီးဆုံးအဖွဲ့ဝင် (သို့) ​လေ့ကျင့်​​ရေးကာလ အကြာဆုံးသူကိုသာ ​ခေါင်း​ဆောင်အဖြစ် တင်​မြှောက်​​​လေ့ရှိပါတယ်။

ဒါ​ပေမဲ့ ENHYPEN အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Yang Jungwon ဟာ အဖွဲ့ရဲ့ ​ခေါင်း​​ဆောင်ဖြစ်လာခဲ့ပါတယ်။ Jungwon တစ်​​ယောက် ၂၀၂၀ ခုနှစ်က ENHYPEN အဖွဲ့နဲ့ ပွဲဦးစထွက်ချိန်မှာ သူ့ရဲ့ အသက်က ၁၆ နှစ်သာရှိပါ​သေးတယ်။ ဒါ​ကြောင့် သူဟာ K-Pop သမိုင်းတစ်​လျှောက် အသက်အငယ်ဆုံး အဖွဲ့​ခေါင်း​​ဆောင်အဖြစ်လည်း မှတ်တမ်းတင်ခံထားရပါတယ်။

5. SuperM

K-Pop ​လောကမှာ မတူညီတဲ့ အဖွဲ့​တွေက အဖွဲ့​ဝင်​တွေ စုစည်းပြီး ပ​ရောဂျက်အဖွဲ့အ​နေနဲ့ သီချင်းထုတ်တာမျိုး​တွေရှိပါတယ်။ SuperM အဖွဲ့က​လည်း ဒီလိုမျိုးပါပဲ။ Shinee, EXO, NCT 127 နဲ့ WayV စတဲ့ မတူညီတဲ့အဖွဲ့​တွေက အဖွဲ့ဝင်​ ၇ ​ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။

ထူးခြားတာတစ်ခုက​တော့ အဲ့ဒီအဖွဲ့​​တွေအားလုံးဟာ SM Entertainment လက်​အောက်ကဖြစ်ပြီး SuperM ဟာ အဲ့လိုပ​​​ရောဂျက်အဖွဲ့​တွေထဲမှာ အဖွဲ့ဝင်​ အများဆုံးလည်းဖြစ်သလို comeback အများဆုံးလည်းဖြစ်ပါတယ်။

6. NCT

SM Entertainment လက်​အောက်က ​ယောကျ်ား​လေးအဖွဲ့ဖြစ်တဲ့ NCT က​တော့ K-Pop သမိုင်းတစ်​လျှောက် အဖွဲ့ဝင်အ​ရေအတွက်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ NCT အဖွဲ့ထဲမှာ အဖွဲ့ဝင် ၂၃ ​ယောက်ပါရှိပြီး NCT 127, NCT Dream, WayV စတဲ့ unit ၃ ခုပါရှိပါတယ်။

SM က NCT အဖွဲ့ထဲကို အဖွဲ့ဝင်အသစ်​တွေ ထပ်တိုးဖို့ရှိ​နေပြီး ၂၀၂၂ ခုနှစ်ထဲမှာ NCT unit အသစ်တစ်ခုကို ထပ်ပြီး ပွဲဦးထုတ်​ပေးသွားမယ်လို့လည်း သတင်း​တွေထွက်​ပေါ်​နေပါတယ်။

7. aespa

​နောက်ထပ် SM Entertainment က အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ aespa က​တော့ လူသားအဖွဲ့ဝင်​တွေနဲ့ AI အဖွဲ့ဝင်​တွေကို ​​​​ရောနှောထားတဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်ပါတယ်။ သူတို့ရဲ့ concept ကလည်း AI ​ပေါ်အ​ခြေခံထားတာဖြစ်ပြီး သီချင်း​နဲ့ music video တွေကလည်း တခြားအဖွဲ့​တွေနဲ့ လုံးဝကို ကွဲပြားခြားနားပြီး သူတို့ရဲ့ ကိုယ်ပိုင်စကြာဝဠာတစ်ခုသီးသန့်ရှိပါတယ်။

K/DA, Enternity တို့လို AI သီးသန့်ပြုလုပ်ထားတဲ့ မိန်းက​လေးအဖွဲ့​တွေရှိ​ပေမဲ့ aespa က​တော့ Karina, Giselle, Winter, Ning Ning စတဲ့အဖွဲ့ဝင်​တွေမှာ ae Karina, ae Giselle, ae Winter နဲ့ ae Ning Ning စတဲ့ ကိုယ်ပွား​တွေရှိတာ​ကြောင့် aespa ဟာ အဖွဲ့ဝင် ၄ ​​ယောက်မဟုတ်ပဲ ၈ ​ယောက်ဖြစ်တယ်လို့ SM က ဆိုပါတယ်​။

8. Hightlight

Hightlight အဖွဲ့က​တော့ ၂၀၀၉ ခုနှစ်မှာ Cube Entertainment လက်​အောက်က​နေ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ Beast ဆိုတဲ့အဖွဲ့အဖြစ် အရင်ဆုံး ပွဲဦးထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီး အဖွဲ့ဝင် Jang Hyun Seung က အဖွဲ့က​​နေ နုတ်ထွက်သွားခဲ့ပါတယ်။

အဲ့ဒီ​နောက် ကျန်တဲ့အဖွဲ့​ဝင် ၅ ဦးဟာ Around Us Entertainment ဆိုတဲ့ ကိုယ်ပိုင်​အေဂျင်စီကို ​ထူထောင်ခဲ့ပြီး Hightlight ဆိုတဲ့နာမည်နဲ့ ပွဲဦးပြန်ထွက်ခဲ့ကြပါတယ်။ အခုအချိန်မှာ​တော့ အဖွဲ့ဝင် ၄ ဦးနဲ့ အနုပညာလှုပ်ရှားမှု​တွေဆက်လုပ်​နေပြီး ယခုနှစ်ထဲမှာလည်း album အသစ်ထွက်ရှိထားပါ​သေးတယ်။

Source : seoulnepal
Photo : kpopping
Written : ZL