Celebrity News

1993 ခုနှစ်ဖွား K-Drama လောကရဲ့ သက်တူရွယ်တူ နာမည်ကြီးမင်းသား (၆) ဦး

သရုပ်ဆောင်လောကထဲမှာ ဝါရင့်မင်းသားပေါင်းများစွာက နေရာယူထားသလို ငယ်ငယ်ရွယ်ရွယ် မင်းသားလေးတွေကလည်း အရည်အချင်းပြည့်တာကြောင့် ပရိသတ်အမြောက်အမြားက လက်ခံအားပေးနေကြပါတယ်။ ၁၉၉၃ ခုနှစ်တည်းမှာ မွေးဖွားခဲ့ကြတဲ့ သရုပ်ဆောင်တွေအနက် နာမည်ကြီးကျော်ကြားနေတဲ့ သက်တူရွယ်တူ မင်းသား (၆) ဦးကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

Seo Kangjun

မင်းသား Seo KangJun ကတော့ ‘Single Cunning Lady,’ ‘Cheese in the Trap,’ ‘Are You Human?,’ ‘When the Weather is Fine’ စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ကြီးကျော်ကြားလာခဲ့သူပါ။ သရုပ်ဆောင်ကောင်းသူအဖြစ်လည်း နာမည်တွင်ထားပါတယ်။

Do Kyungsoo

အဆိုတော်လည်းဖြစ်သလို သရုပ်ဆောင်ပိုင်နိုင်ပီပြင်တဲ့ Kyungsoo ကတော့ ‘Unforgettable’, ‘It’s Okay, It’s Love,’ ‘Along with the Gods,’ ‘100 Days My Prince’ စတဲ့ လက်ရာမြောက် ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ အနုပညာနယ်ပယ်ထဲမှာ နေရာယူထားပါတော့တယ်။

Park Bogum

နွေးထွေးတဲ့အပြုံးပိုင်ရှင်လေး Bogum ကတော့ အကြည့်တွေက အသက်ဝင်လွန်းကြောင်း အားလုံးက ချီးကျူးထားကြတာပါ။ ‘The Producers,’ ‘Reply 1988,’ ‘Moonlight Drawn by Clouds,’ ‘Encounter,’ ‘Record of Youth’ စတဲ့ဇာတ်လမ်းတွေမှာ Bogum က လက်စွမ်းပြရင်း ပရိသတ်တွေကို သိမ်းပိုက်ထားပါတော့တယ်။

Yoo Seungho

ကလေးသရုပ်ဆောင်ကတည်းက အားလုံးရဲ့အချစ်ကို ရရှိထားတဲ့ မင်းသား Yoo Seungho ကတော့ ‘Seondal: The Man Who Sells the River,’ ‘The Emperor: Owner of the Mask,’ ‘I’m not a Robot,’ ‘Memorist’ စတဲ့ဇာတ်လမ်းတွေနဲ့ မှတ်တမ်းသစ်တွေ ရေးထိုးထားနိုင်သူပါပဲ။

Lee Hyunwoo

မင်းသား Lee Hyunwoo ကလည်း လူသိများတဲ့ ကလေးသရုပ်ဆောင်ပါပဲ။ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ကောင်းခဲ့သူဖြစ်တာကြောင့် ‘To the Beautiful You,’ ‘Moorim School: Saga of the Brave,’ ‘The Liar and His Lover’ စတဲ့ ဇာတ်လမ်းတွေနဲ့လည်း မြောက်မြားစွာသော ပရိသတ်တွေကို ရရှိထားပါတယ်။

Kim Jisoo

လက်ရှိမှာ လူမှုရေးပြဿနာကြောင့် အနုပညာအလုပ်တွေကြိ အနားယူထားတဲ့ Jisoo ဟာ သရုပ်‌ဆောင်ကောင်းတစ်ယောက်ဖြစ်တာကိုတော့ ငြင်းလို့မရပါဘူး။ ‘Scarlet Heart,’ Strong Woman Do Bongsoon,’ ‘Bad Guys 2’ စတဲ့ဇာတ်လမ်းတွေမှာ Jisoo ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ။

Source: Kstarlive
Photos: Vlive
Translated by Julix