Celebrity News

Ex ဖြစ်သူရဲ့ ယုတ်မာမှုအားလုံးကို IG ကနေ ချပြရင်း တရားမျှတမှုကို ရှာဖွေနေတဲ့ Zheng Shuang

Zheng Shuang နဲ့ သူမရဲ့ Ex ဖြစ်သူ Zhang Heng အကြောင်းကတော့ လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ နှစ်ကိုယ်ကြားဖြစ်ပျက်ခဲ့သမျှတွေတိုင်းကို လူသိရှင်ကြား ချပြခဲ့တာကြောင့် Zheng Shuang အနေနဲ့ အနုပညာလောကထဲကတောင် ဖယ်ရှားခံခဲ့ရပြီးဖြစ်ပါတယ်။

ချိုင်းနားနိုင်ငံသုံး လူမှုကွန်ရက်တွေကနေ အပြီးတိုင် ပိတ်ချခံထားရတဲ့ Zheng Shuang ဟာ နိုင်ငံတကာသုံး IG ကနေတဆင့် Ex ရဲ့အကြောင်းတွေကို ဖွင့်ချကာ သူမအတွက် တရားမျှတမှုကို တောင်းဆိုနေခဲ့ပါတယ်။

IG မှာပဲ Zheng Shuang ဟာ အမျိုးသမီးတစ်ယောက်ရဲ့ မဖွယ်မရာလုပ်နေပုံကို ရှင်းရှင်းလင်းလင်းကြီးတင်ပေးခဲ့တာကြောင့် သူမရဲ့ Ex ဖြစ်သူ Zhang Heng ဟာ နှစ်ယောက်အတူနေတုန်း နောက်ထပ် အပျော်မယားထားကာ ဖောက်ပြန်ခဲ့တာဖြစ်နိုင်ပြီး ဖောက်ပြန်နေစဉ်လည်း ဓာတ်ပုံတွေရိုက်ကာ Zheng Shuang ထံ ပို့ခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ လက်ရှိအချိန်မှာတော့ “Zhang Heng ကို သူမအား အသုံးချပြီး အကျိုးအမြတ်ထုတ်သွားတဲ့ယောက်ျား” အဖြစ် စတင်ဖော်ထုတ်ပြောဆိုနေပါတယ်။

September 29 ရက်နေ့ကတည်းက Zheng Shuang ဟာ ဖောက်ပြန်နေကြစဉ် ရိုက်ကူးထားတဲ့ဓာတ်ပုံကို တမင်ဝါးထားကာ IG မှာ တင်ပေးခဲ့ပြီး သူမကို လူသိရှင်ကြား တရားဝင်တောင်းပန်ဖို့ ရေးသားထားခဲ့ပါတယ်။

ပုံအကြည်တွေလည်းရှိကြောင်း ပြောဆိုထားတာကြောင့် Ex ဖြစ်သူရဲ့ ဖောက်ပြန်မှုကိုလည်း အရေးယူသင့်ကြောင်း Netizen တွေက စတင်ပြောဆိုနေကြပါပြီ။ October 1 ရက်နေ့မှာတော့ ဘာမှဖျက်ထားခြင်းမရှိဘဲ အဆက်အဆံလုပ်နေကြတဲ့ Viedo ကို တင်ချခဲ့ပါတယ်။ ‌

ဒါ့အပြင် “နင့်ကို မကာကွယ်ဘဲနဲ့ အကြင်နာမဲ့ ရက်စက်တယ်ဆိုပြီး ငါ့ကိုအပြစ်မတင်ပါနဲ့။ အရာရာတိုင်းဆုံးရှုံးသွားတဲ့ ငါ့အတွက် ထိန်းချုပ်လို့မရနိုင်ခဲ့ဘူး။ ဒါကလည်း ငါ ခံစားနေရတာတွေရဲ့ ဘေးထွက်ဆိုးကျိုးပဲ ထင်ပါရဲ့” လို့ ရေးသားရင်း ဖောက်ပြန်ခဲ့တဲ့ မိန်းကလေးကိုလည်း “Internet တခွင်မှာ ငါ့ကိုတိုက်ခိုက်ပြောဆိုနေကြတာတွေကို မြင်ရတော့ ပျော်လား? ဒီအတွက် မင်းမှာကော တာဝန်ရှိတယ်လို့ မခံစားရဘူးလား” ဆိုပြီးတော့ပါ စိတ်တိုစွာဖြင့် ရေးထားခဲ့ပါတော့တယ်။

ဗီဒီယိုနဲ့ ပုံတွေကို IG ကနေဖယ်ရှားခံခဲ့ပေမဲ့ October 4 ရက်နေ့မှာတော့ “ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေးစာချုပ်” ကို တင်ခဲ့ပြီး သူမဟာ ကလေးတွေကို စွန့်ပစ်ခဲ့တာမဟုတ်ဘဲ Ex ဖြစ်သူရဲ့ ဗန်းပြပြီး ငွေညှစ်နေတာကြောင့် အခုလိုနောက်ဆက်တွဲ‌ကိစ္စတွေ ဖြစ်ခဲ့ရတဲ့အကြောင်း ရှင်းလင်းခဲ့ပါသေးတယ်။

Zheng Shuang ရဲ့ ဖော်ပြချက်တွေအရ Ex ဖြစ်သူ Zhang Heng ဟာ သူမကိုထိန်းချုပ်အမြတ်ထုတ်ရင်း ငွေရဖို့ ကြံစည်ခဲ့ကြောင်း သက်သေတွေပါ ထွက်ရှိလာခဲ့တာပါ။ တင်ပေးခဲ့တဲ့ Screenshot ထဲမှာ Zhang Heng ဟာ Langji Tianya (တစ်ဖက်လူအား အသုံးချပြီး ငွေရအောင် ကျွမ်းကျင်စွာကိုင်တွယ်နိုင်ဖို့ စနစ်တကျသင်ကြားပေးတဲ့ အဖွဲ့အစည်း) ကို ငွေလွှဲထားကြောင်း သက်သေတွေပါ ပါလာခဲ့ပါတယ်။

Langji Tianya လိုအဖွဲ့အစည်းတွေကတော့ ချိုင်းနားမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်ပြီး တရားဝင် တိုက်ဖျက်တားမြစ်ထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် Zhang Heng ကလည်း အများသိသလို ရိုးသားနေတဲ့သူလည်း မဟုတ်ပြန်ပါဘူး။ ဒီကိစ္စတွေသာ မှန်ကန်နေမယ်ဆိုရင်… Zheng Shuang ကတော့ ဘဝပျက်သွားတဲ့အထိ အရာရာဖျက်ဆီးခံလိုက်ရပေမဲ့ မဟုတ်တာလုပ်ထားတဲ့ Ex ဖြစ်သူ Zhang Heng က‌ို ဘာမှမဖြစ်ခဲ့သလို လက်ခံထားတာကတော့ မမျှတဘူး,လို့သာ ပြောရမှာဖြစ်ပါတယ်။

Source: Dramapanda
Photos: Instagram
Translated by Julix