Celebrity News

Dilraba ရဲ့ အရှိန်အဟုန်နဲ့ နာမည်ကြီးလာမှုအပေါ် Yang Mi ရဲ့ နွေးထွေးတဲ့ အတွေးအမြင်

Yang Mi နဲ့ Dilraba Dilmurat ဆိုတာကတော့ အနုပညာလောကရဲ့ နာမည်ကြီး စီနီယာ-ဂျူနီယာ အလှပဂေးလေးတွေဖြစ်သလို Reba က Yang Mi ရဲ့ အေဂျင်စီမှ ထိပ်တန်းအနုပညာရှင်လည်း ဖြစ်ပါတယ်။ Dilireba ရဲ့ အရှိန်အဟုန်နဲ့ အောင်မြင်ကျော်ကြားနေမှုအပေါ် Yang Mi ရဲ့ တုန့်ပြန်ဖြေဆိုချက်လေးက တကယ်ကို နွေးထွေးနေတာပါပဲ။

အပြိုင်အဆိုင်များတဲ့ ချိုင်းနားဖျော်ဖြေရေးလောကထဲမှာ နာမည်ကြီးအနုပညာရှင်အချင်းချင်း အားပေးမြှောက်ပင့်စကားမျိုးဟာ အလွန်ကိုရှားတာကြောင့် ပရိသတ်တွေက အံ့ဩနေကြပါတယ်။ Jaywalk Studio agency ရဲ့ ပိုင်ရှင်တစ်ဦးအနေနဲ့ Yang Mi ဟာ Dilireba အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောခဲ့ပါတယ်။

“ကျွန်မပြောချင်တာက အေဂျင်စီအနေနဲ့ Dilraba ကို သူမရဲ့ ဆန္ဒရှိတဲ့အတိုင်း ပိုမိုတိုးတက်အောင်မြင်စေချင်တာပါ။ လူတိုင်းမှာ ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကိုယ်စီရှိကြတယ်။ အခုလို သူမရဲ့ ကိုယ်ပိုင်လမ်းမထက်မှာ တောက်ပအောင်မြင်နေလို့ ကျေနပ်ပါတယ်။

ဒါ့အပြင် ကျွန်မတို့နှစ်‌ယောက်ကလည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ စာတွေအပြန်အလှန်ပို့သလို ဟာသတွေလည်း ပြောဖြစ်ကြပါတယ်။ Reba တစ်ခုခုလုပ်ချင်ရင်လည်း ဘယ်တုန်းကမှ မတားဖူးဘူး။ လုပ်ခွင့်ပေးလိုက်တာပဲ။

Reba ကိုလည်း တစ်ခါမှ boss တစ်ယောက်လိုမျိုး မပြောဆိုဘူး။ တကယ့်မိတ်ဆွေတွေလို အေးဆေးပါပဲ” ဆိုပြီး အသက် ၃၅ နှစ်အရွယ် Yang Mi က Dilireba နဲ့ ရင်းနှီးနွေးထွေးတဲ့ပတ်သက်မှုလေးကို ပြောပြသွားခဲ့ပါတော့တယ်။

Yang Mi နဲ့ Dilireba တို့ရဲ့ နှစ်ဦးကြားက ဆက်ဆံပုံလေးတွေက တကယ်ကို နွေးထွေးတာပါ။ Yang Mi က Reba ကို ဂရုစိုက်ပေးသလို အပြန်အလှန်အနေနဲ့ Reba ကလည်း Yang Mi ကို အမြဲအားပေးနေသူလေးပါပဲ။ စီနီယာမင်းသမီး Yang Mi ရဲ့ ခြေရာနင်းပြီး Dilraba Dilmurat ကလည်း အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေပါပြီ။

Source: JKT
Photos: Weibo
Translated by Julix