Celebrity News

Rosé ဟာ ကမ္ဘာပေါ်က သက်ရှိထင်ရှား နတ်သမီးလေးပါ လို့ ချီးမွမ်းခဲ့တဲ့ Olivia Rodrigo

အရင်လက BLACKPINK အဖွဲ့ဝင် Rosé လေးဟာ ကမ္ဘာကျော် Met Gala ပွဲကြီးကို “Yves Saint Laurent” Global Brand Ambassador အနေနဲ့ YSL director “Anthony” နဲ့အတူ ပွဲတက်ခဲ့ပါတယ်။ Rosé ဟာ ရိုးရိုးရှင်းရှင်းလေး ဝတ်လာခဲ့​ပေမဲ့ လူအများ အာရုံစိုက်ခံရပြီး Hailey Beiber ကတောင် သတိထားငေးကြည့်ခဲ့ပါတယ်။

Dinner Party မှာလည်း Rihanna , Troye Sivan တို့နဲ့တွေ့ဆုံခဲ့ပြီး Olivia Rodrigo နဲ့ဆို ဘေးချင်းကပ်ထိုင်ခဲ့ပါတယ်။ Rosé နဲ့ တူတူရှိနေခွင့်ရခဲ့တဲ့ Olivia Rodrigo ဟာ သူမဘယ်လောက်စိတ်လှုပ်ရှားခဲ့သလည်း ဆိုတာ Teen Vogue ရဲ့ interview မှာ ခုလို ဖြေခဲ့ပါတယ်။ “ကျွန်မတို့ တူတူ hung out လုပ်ဖြစ်ခဲ့ကြတယ်။

သူမကလေ အရမ်းသဘောကောင်း ချိုမြိန်တဲ့ သက်ရှိ နတ်သမီးလေးလိုဘဲ။ သူ့အနားမှာ ထိုင်ခွင့်ရတုန်းကဆိုလေ စိတ်တွေအရမ်းလှုပ်ရှားပြီး တော်တော်ပျော်နေခဲ့တာ။ “Oh.. ဘုရားရေ .. ငါတော့ ရင်းနှီးတဲ့သူတစ်ယောက်ရပြီ”လို့တောင် ရေရွတ်မိသေးတယ်”

“Rosé ကို အနုပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လည်း” လို့ ထပ်မေးတဲ့အခါ Olivia က “သူမက အကောင်းတကာ အကောင်းအဆုံးဘဲ။ ကျွန်မသာ သူမအကြောင်း သီချင်းဆိုဖြစ်ရင် ဘုန်းတော်ဘွဲ့ရေးဖွဲ့လို့ ဆုံးမှာမဟုတ်ဖူး။ Rosé က တကယ် အရည်အချင်းရှိတဲ့သူပါ။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူတစ်ယောက်လို့ မြင်တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

Oliva ဟာ Rosé ကို interview မှာတင် ချစ်ပြတာမဟုတ်ပါဖူး။ Rosé instgaram မှာ ပုံတင်တော့လည်း “အလှဘုရင်မ ❤️” လို့ cmt ပေးခဲ့ပါတယ်။ Rosé နဲ့ တွေ့လိုက်တဲ့ ကောင်မလေးတိုင်း ကြွေသွားကြတာ Rosé ရဲ့ skill တခုလို ဖြစ်နေပါပြီနော်။

Source: Koreaboo
Written: Violet