Celebrity News

GL ဇာတ်ကားအသစ်မှာ အဓိကဇာတ်​ဆောင်အဖြစ် ပါဝင်ရိုက်ကူးသွားမယ့် “Squid Game” မင်းသမီး Lee Yoo Mi

လတ်တ​လောမှာ “Squid Game” ဇာတ်လမ်းတွဲနဲ့အတူကမ္ဘာနဲ့အဝှမ်း နာမည်​ကျော်ကြားမှုရရှိ​နေတဲ့ Lee Yoo Mi ဟာ “We Can’t Go To Heaven, But We Can Love” ဆိုတဲ့ ရုပ်ရှင်ကားမှာ အဓိကဇာတ်​ဆောင်အဖြစ် ပါဝင်သရုပ်​ဆောင်သွားမှာဖြစ်တယ်လို့ ​အောက်တိုဘာလ ၆ ရက်​နေ့မှာ OSEN သတင်းဌာနက ​ပြောကြားလိုက်ပါတယ်။

“We Can’t Go To Heaven, But We Can Love” ဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ​နွေရာသီကာလမှာ အပူ​​နွေးဆုံးဖြစ်ခဲ့တဲ့ မိန်းက​လေး ၂ ​ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ friendship အ​ကြောင်းကို ရိုက်ကူးပုံ​ဖော်သွားမှာဖြစ်ပါတယ်။ Lee Yoo Mi က​​တော့ အထက်တန်း​ကျောင်းသူ Yeji အဖြစ် သရုပ်ဆောင်သွားမှာပါ။

ဒီရုပ်ရှင်ကားကို “Take Me Home” (2020), “I Can’t” (2017), “Sweet Girts” (2013) စတဲ့ ဇာတ်ကား​​တွေရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Han Jay က ရိုက်ကူးသွားမှာဖြစ်ပြီး လက်ရှိ “Lovers of the Red Sky“ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ မင်းသား Kim Hyun Mok, Shin Ki Hwan နဲ့ Park Soo Yeon တို့ကလည်း Lee Yoo Mi နဲ့အတူ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်​​ဆောင်သွားမှာဖြစ်ပါတယ်။

Lee Yoo Mi ဟာ ၂၀၀၉ ခုနှစ်မှာ သရုပ်​ဆောင်အဖြစ် စတင်ပွဲဦးထွက်ခဲ့ပြီး ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကား​ပေါင်း ၃၀ ​ကျော်​လောက်ကို ရိုက်ကူးခဲ့ဖူးပါတယ်။ သူမဟာ “Welcome to Waikiki”, “Voice 2”, “Touch Your Heart”, “Doctor John”, “365 : Repeat the Year” စတဲ့ နာမည်ကြီး drama ​တွေမှာလည်း ပါဝင်သရုပ်​ဆောင်ခဲ့ဖူးပါတယ်။

ယခုနှစ်ထဲမှာဆိုရင် “Hostage: Missing Celebrity” နဲ့ “Young Adult Matters” တို့လို ဇာတ်ကြမ်း​တွေမှာ သူမရဲ့ ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့သလို “Squid Game” မှာလည်း ဇာတ်ဝင်ခန်းနည်းနည်းနဲ့ ပရိသတ်ရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့တာ​ကြောင့် “We Can’t Go To Heaven, But We Can Love” မှာ ပြသမယ့် သူမရဲ့ပုံစံအသစ်ကိုလည်း ပရိသတ်​တွေက ​မျှော်လင့်​စောင့်စား​နေကြပါတယ်။

Source : kbizoom
Written : ZL