Celebrity News

ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး K-Pop complex ကြီးကို ပူး​ပေါင်းတည်​ဆောက်သွားကြမယ့် SM, JYP နဲ့ FNC

Chosun Biz သတင်းဌာနရဲ့ ​ပြောကြားချက်အရ SM Entertainment ဟာ Incheon, Songdo ခရိုင်ကို ကိုရီးယားနိုင်ငံမှာအကြီးဆုံး K-Pop complex ကြီးအဖြစ် ​ပြောင်းလဲမယ့် ပ​ရောဂျက်ကို ဦး​ဆောင်လုပ်ကိုင်သွားမယ်လို့ သိရှိရပါတယ်။

ဒီပ​ရောဂျက်ကြီးမှာ JYP Entertainment နဲ့ FNC Entertainment တို့ကလည်း ပူး​​ပေါင်းပါဝင်သွားမှာဖြစ်ပြီး SM Entertainment ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ SMTown Planner က Songdo ခရိုင်မှာဘယ်လို အ​ဆောက်အဆုံ​တွေ၊ ​ဇာတ်ရုံ​တွေတည်​​ဆောက်ပြီး K-Pop မြို့​လေးအဖြစ် ​ပြောင်းလဲမလဲဆိုတာကို စတင်​ဆွေး​နွေး​နေပြီလို့ ဆိုပါတယ်။

ဒီပ​​ရောဂျက်ဟာ ကိုရီးယားဝမ်ထရီလီယံချီ ကုန်ကျမှာဖြစ်ပြီး ပ​​ရောဂျက်မှာ ပါဝင်တဲ့ ​JYP နဲ့ FNC Entertainment တို့က ဝန်ထမ်း​တွေနဲ့အတူ ဒီပ​​ရောဂျက်အတွက်သီးသန့် ကုမ္ပဏီတစ်ခု တည်​ထောင်ဖို့​တောင် SMTown Planner က စဉ်းစား​နေတာဖြစ်ပါတယ်။

JYP နဲ့ FNC Entertainment အ​နေနဲ့ ဘာ​ကြောင့် ဒီပ​ရောဂျက်မှာ ပါဝင်ရသလဲဆိုတာကိုလည်း အတွင်းလူတစ်ဦးက ရှင်းပြထားပါ​​သေးတယ်။ JYP Entertainmen ဟာ SM Entertainment နဲ့ ခိုင်မာတဲ့ ဆက်ဆံ​ရေးရှိပြီး SM Entertainment ရဲ့ Dear U ကုမ္ပဏီခွဲမှာလည်း ရင်းနှီးမြှုပ်နှံမှု​တွေ လုပ်ထားပါတယ်။

အဲ့ဒီ Dear U ကုမ္ပဏီက​နေ K-Pop Idol ​တွေနဲ့ ပရိသတ်​တွေ ဆက်သွယ်နိုင်မယ့် Bubble ဆိုတဲ့ အခ​ကြေး​ငွေ​ပေးရတဲ့ messenger app ဝန်​ဆောင်မှုကို လုပ်​ကိုင်ပါတယ်။ FNC Entertainment ကလည်း Bubble service ကို အသုံးပြု​နေပြီး ၂၀၁၈ ခုနှစ်မှာ သူတို့ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ FNC AdCulture ကို SM Entertainment ဆီ ​ရောင်းချခဲ့ပါတယ်။

အဲ့အချိန်ကစလို့ စီးပွား​ရေးပါတနာ​တွေဖြစ်လာပြီး FNC Entertainment ရဲ့ ပူးတွဲဥက္ကဌ Ahn Seok Joon ဟာ SM Life Design အဖွဲ့ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကြံ​ပေးအဖြစ်လည်း လုပ်ကိုင်​နေပါတယ်။ K-Pop ယဉ်​​ကျေးမှုဟာ ကမ္ဘာနဲ့အဝှမ်း ကြီးထွားပြီး လွှမ်းမိုးလာတာနဲ့အမျှ entertainment ​တွေဟာလည်း ​ဒေသတွင်းအစိုးရ​​တွေနဲ့ ပူး​ပေါင်းပြီး K-Pop complex ​တွေကို တည်​ဆောက်လာကြပါတယ်။

SM Entertainment က ယခင်ကလည်း Changwon ခရိုင်မှာ ဝမ် ၁၀၁ ဘီလီယံ တန်ဖိုးရှိတဲ့ SMTown complex ကို တည်​ဆောက်ဖို့ စီစဉ်ထားခဲ့​ပေမဲ့ Changwon အစိုးရနဲ့ SM ကြားမှာ ညိှနှိုင်းမရတဲ့ ကိစ္စ​လေး​တွေရှိတာ​ကြောင့် complex ဖွင့်လှစ်ဖို့ကို ​​​ရွှေ့ဆိုင်းထားရပါတယ်။

HYBE နဲ့ YG Entertainment ကလည်း Naver နဲ့ ပူး​ပေါင်းပြီး ဝမ် ၇၀ ဘီလီယံ တန်ဖိုးရှိတဲ့ K-Pop complex တစ်ခုကို Uijeongbu မှာ တည်​ဆောက်သွား​မယ်လို့ ​ကြေငြာထားပါတယ်။ CJ ENM က​လည်း Gyeonggi ခရိုင်မှာ CJ Live City အမည်နဲ့ ဝမ် ၁.၈ ထရီလီယံတန် complex တစ်ခုကို တည်​ဆောက်သွားမှာဖြစ်ပြီး အဲ့ဒီမှာ ​performance hall ​တွေ၊ ဟိုတယ်​တွေ၊ အပန်း​ဖြေဥယျာဉ်​​တွေနဲ့ အခြားအရာ​တွေများစွာ ပါရှိမှာဖြစ်ပါတယ်။

မကြာ​သေးခင်ကပဲ အဲ့ဒီမှာ ထိုင်ခုံ ၂ ​သောင်းပါတဲ့ concert hall ၁ခုကို တည်​ဆောက်ဖို့ Goyang ခရိုင်အစိုးရက ခွင့်ပြု​ပေးခဲ့ပါတယ်။ဒါ​ပေမဲ့ ယခု Songdo ပ​​ရောဂျက်က K-Pop complex ​တွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဝမ် ၂ ထရီလီယံ​လောက် အသာ​လေး ကုန်ကျလိမ့်မယ်လို့ ကျွမ်းကျင်သူ​တွေက ခန့်မှန်းထားပါတယ်။ ဒီပ​ရောဂျက်နဲ့ ပတ်သက်ပြီး SMTown Planner က ​အတည်ပြု​ပေးထားသလို Incheon ခရိုင်က အာဏာပိုင်​တွေကလည်း ဒီသတင်းကို အတည်ပြု​ပေးထားပါတယ်။

Source : Koreaboo
Written : ZL