Celebrity News

“Mor Luang” အပြင် နောက်ထပ်ဇာတ်လမ်းသစ်တစ်ခု ထပ်ရိုက်တော့မယ့် Kimmy Kimberley

ဒွန်ရမ်/ဖိလာလတ် အဖြစ် အမြွှာဇာတ်ရုပ်မှာကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကိုရရှိထားတဲ့ Kimmy Kimberley ဟာ Mario နဲ့အတူ “Mor Luang” ကို ရိုက်ကူးထားပါသေးတယ်။

ဒီကားထွက်လာဖို့ မျှော်နေကြတဲ့အချိန်မှာပဲ Kimmy ဟာ နောက်ထပ်အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းရှိနေကြောင်း အရိပ်အမြွက်ပြခဲ့ပါတယ်။ September 25 ရက်နေ့တုန်းက Kimmy Kimberley ဟာ ကမ်းခြေမှာ အလန်းစားရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို တင်ပေးခဲ့ပါတယ်။

လှပတဲ့ပင်လယ်ကြီးနဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးတွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေကြတုန်းမှာပဲ Kimmy Kimberley က “Drama script ကို စဖတ်နေပြီ.. ဘယ်တစ်ခုလို့ထင်လဲကွယ်?” ဆိုတဲ့ Caption နဲ့ ရေးတင်ထားတာကြောင့် နောက်ထပ်ဇာတ်လမ်းသစ်ရိုက်ကူးဖို့ ပြင်ဆင်နေမှန်း အားလုံးက သိခဲ့ကြပါတယ်။ တချို့ပရိသတ်တွေက ရိုက်ကူးမယ့်ဇာတ်လမ်းသစ်ပေါင်း ဘယ်လောက်ရှိမလဲဆိုတာကို စိတ်ဝင်တစားမေးမြန်းခဲ့ကြပြီး အသစ်ထွက်လာမယ့်ဇာတ်လမ်းနဲ့ ခေါင်းဆောင်မင်းသားကို ခန့်မှန်းနေကြပါတယ်။

ပြည်တွင်းပြည်ပ ပရိသတ်တွေကတော့ ကမ်းခြေအပန်းဖြေခရီးကို ချစ်ရသူ Mark Prin နဲ့သွားခဲ့တာဖြစ်လို့ ဇာတ်လမ်းသစ်မှာ Mark နဲ့ တွဲဖက်ရိုက်ကူးဖို့ မျှော်လင့်နေကြပါတော့တယ်။

ပရိသတ်ကြီးတို့ကော ဖိလာလတ်ရဲ့ နောက်ထပ်ဇာတ်လမ်းသစ်မှာ ဘယ်မင်းသားနဲ့တွဲဖက်ရိုက်ကူးမယ်လို့ ထင်မိပါသလဲ? Mark Prin နဲ့သာဆိုရင် တကယ်ကို ပျော်စရာကြီးပါပဲနော်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix