Celebrity News

Agust D အဖြစ် “Daechwita” သီချင်းနဲ့ စံချိန်တင်စာရင်းဝင်ဖြစ်လာခဲ့တဲ့ Suga

BTS အဖွဲ့က အဖွဲ့လိုက်အနေနဲ့ကော အဖွဲ့ဝင်တစ်‌ယောက်ချင်းစီအနေနဲ့ပါ လက်စွမ်းထက်သူတွေပါပဲ။ အဖွဲ့ရဲ့ Rapper တစ်ယောက်တဲ့ Suga ဟာ သူ့ရဲ့ နာမည်ကြီး Solo သီချင်း “Daechwita” နဲ့ YouTube မှာ စံချိန်တင်ခဲ့ပြန်ပါတယ်။

Kpop လောကထဲက အမြန်ဆုံး Rapper တွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့အလျောက် Suga ရဲ့ “Daechwita” သီချင်းမှာ တကယ့် Rap အမြန်စားတွေကို ထည့်သွင်းသီဆိုထားတာပါ။

လူကြိုက်များတဲ့သီချင်းဖြစ်တာကြောင့် Suga ဟာ August D ဆိုတဲ့ နာမည်နဲ့ပဲ YouTube မှာ ကြည့်ရှုသူ 300 Million ကျော်ကို “Daechwita” သီချင်းနဲ့ ပထမဆုံး ရရှိလာခဲ့ပါတယ်။

အောက်တိုဘာလ (၇) ရက်နေ့၊ ကိုရီးယားစံတော်ချိန် မနက် ၉ နာရီ ၃၅ မိနစ်မှာပဲ အဆိုပါ စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစံချိန်ကို ရရှိဖို့ တစ်နှစ်၊ ၄ လနဲ့ ၁၄ ရက်ကျော်ကြာသာ ကြာမြင့်ခဲ့ပါတယ်။

Agust D နာမည်နဲ့ ထွက်ရှိခဲ့တဲ့ “Daechwita” ဟာ 300 million views ရရှိခဲ့တဲ့ Suga ရဲ့ ပထမဆုံးသော တကိုယ်တော်သီချင်းအဖြစ် BTS အဖွဲ့ရဲ့မှတ်တမ်းတွေထဲမှာ ပါဝင်လာခဲ့ပါပြီ။ BTS အဖွဲ့ထဲမှာ‌ဆိုရင် ဒီစံချိန်ကို အရင်ရရှိထားနိုင်ခဲ့သူက J-Hope ဖြစ်ပြီး “Chicken Noodle Soup” ကလည်း အခုလိုပဲ အလျှင်အမြန်ဆုံး စံချိန်တင်ထားတာပါ။

အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ စံချိန်တွေကလည်း BTS အဖွဲ့နဲ့ ARMY တွေအတွက် ဂုဏ်ယူစရာတွေပဲဖြစ်လို့ ပြောင်မြောက်တဲ့သီချင်းကို ဖန်တီးနိုင်ခဲ့သူ Suga အား ဂုဏ်ပြုလိုက်ပါ‌တယ်။

Source: Soompi
Photos: Kpopping
Translated by Julix