Celebrity News

Youku Platform ဖက်မှာ လူအများ မျှော်လင့်စောင့်စားမှု အမြင့်ဆုံးဖြစ်နေတဲ့ ဇာတ်လမ်းတွဲ (၂) ခု

ချိုင်းနားဖက်က ထုတ်လွှင့်ပြသမယ့် ရှေးဟောင်း၊ ခေတ်သစ်ဇာတ်လမ်းတွဲပေါင်း များစွာရှိနေတာကြောင့် ကိုယ်နှစ်သက်ရာ မင်းသား၊ မင်းသမီးတွေ ပါဝင်တဲ့ ဇာတ်လမ်းတွဲတွေကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ အထူးသဖြင့် နာမည်ကြီးသရုပ်ဆောင်တွဲဖက်မှုတွေကတော့ လူအများကို အာရုံစိုက်စေတဲ့ အချက်တစ်ချက်ပါပဲ။

ဇာတ်လမ်းတွဲပြသတဲ့ Platform ပေါင်းများစွာထဲမှာ နာမည်ကြီး Platform တစ်ခုဖြစ်တဲ့ Youku Paltform မှာပဲ လူစောင့်မျှော်မှု အများဆုံးဖြတ်နေတဲ့ ဇာတ်လမ်းတွ‌ဲ ၂ ခုက ပေါ်ထွက်လာခဲ့ပါတယ်။

မထွက်ခင်ကတည်းက အာရုံစိုက်မှုအများအပြားရရှိထားတဲ့ ဇာတ်လမ်း (၂) ခုလုံးက ရှေးဟောင်းဇာတ်လမ်းတွေချည်းပါပဲ။  မသေမျိုးနတ်ဘုရားကားဖြစ်တဲ့ ရှေးဟောင်း Xianxia ဇာတ်လမ်းမျိုးနဲ့ ထူးကဲတဲ့ အတွင်းစွမ်းအားပိုင်ရှင်တွေအကြောင်း ရှိက်ကူးပြသမယ့် Wuxia ပဲ ဖြစ်ပါတယ်။

Dilraba Dilmurat နဲ့ Gong Jun တို့ အဓိကပါဝင်ရိုက်ကူးနေတဲ့ Wuxia ကား Legend of Anle ကတော့ မရိုက်ကူးခင်က သရုပ်ဆောင် (၂) ယောက်အတွက် ကာရိုက်တာ ထပ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပေမဲ့ အခု‌ချိန်မှာတော့ လူစိတ်ဝင်စားမှုအများဆုံးဇာတ်လမ်း ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ ဇာတ်လမ်းရိုက်ကူးနေဆဲဖြစ်တာကြောင့် ကြည့်ရှုရဖို့တော့ တော်တော်လေး စောင့်ဆိုင်းရဦးမယ် ထင်ပါတယ်။ တဖန် Xianxia ဇာတ်လမ်းဖြစ်တဲ့ Agarwood Like Crumbs ဇာတ်လမ်းကလည်း အဓိကဇာတ်ဆောင်တွဲဖက်တွေဖြစ်တဲ့ YangZi နဲ့ ChengYi တို့ကြောင့် အလွန်နာမည်ကြီးနေပါတယ်။

Yang Zi အတွက် Comeback ရှေးဟောင်းဇာတ်လမ်းဖြစ်သလို နတ်ဘုရားဇာတ်ကောင်မျိုးနဲ့ လွန်စွာလိုက်ဖက်တဲ့ မင်းသား Cheng Yi ကြောင့် မျှော်နေသူတွေကြား ဝုန်းဆန်နေတာပဲဖြစ်ပါတယ်။  ဒီဇာတ်လမ်းကတော့ လာမယ့် ၂၀၂၂ မှာ ပြသနိုင်ဖို့ ပရိသတ်တွေက စောင့်မျှော်နေကြပါတော့တယ်။ Youku Platform ဖက်က တရားဝင်ဖော်ပြချက်အရ လူစောင့်မျှော်မှုအများဆုံး ဒီ ဇာတ်လမ်း (၂) ခုထဲက ဘယ်ကားကို ကြည့်ဖို့ စဉ်းစားထားကြပြီလဲ?

Source: Youku
Photos: Youku
Translated by Julix