Celebrity News

စက်တင်ဘာလ ကမ္ဘာ့ပရိသတ်ကြား ‌ကျော်ကြားမှုအထွတ်အထိပ် Top (10) စာရင်းဝင် မင်းသမီးများ

ထိုင်းဇာတ်လမ်းတွေက နာမည်ရလာတာနဲ့အမျှ ထိုင်းမင်းသား၊မင်းသမီးတွေကိုလည်း ကမ္ဘာ့ပရိသတ်တွေက သိရှိအားပေးလာကြပါတယ်။ ‌ကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပြည်ပ ပရိသတ်တွေကို လွှမ်းမိုးထားနိုင်ရာမှ ၂၀၂၁ စက်တင်ဘာလအတွင်း အောင်မြင်ကျော်ကြားမှု အထွတ်အထိပ်ရောက်နေတဲ့ Top (10) စာရင်းဝင် မင်းသမီးစာရင်း ထွက်ပေါ်လာပါတယ်။

(1) Kitty Chicha

“Girl From Nowhere” စီးရီးထဲက မင်းသမီးချော Kitty Chicha ကတော့ စက်တင်ဘာလမှာလည်း နံပါတ် (၁) နေရာကို ရယူထားဆဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ‘Asian Academy Creative Awards 2021’မှာ Kitty ဟာ Best Actress in a Leading Role ဆိုပြီး နိုင်ငံလုံးအဆင့်ဆုကို ရယူထားနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတော့တယ်။

(2) Yaya Urassaya

ဇာတ်လမ်းသစ် ဘာတစ်ခုမှ ထွက်ရှိခြင်းမရှိသေးတာတောင် အဆင့် (၂) နေရာကို ရပ်တည်ထားနိုင်သူကတော့ Yaya Urassaya ပါပဲ။ “Bad Romeo” ဇာတ်လမ်းတွဲကို Mario Maurer နဲ့ ရိုက်ကူးနေပြီး Nadech နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “Lai Kinnaree” ကလည်း မကြာခင် ထွက်လာပါတော့မယ်။

(3) Baifern Pimchanok

စက်တင်ဘာလဖွား မင်းသမီးချောလေး Baifern Pimchanok ကတော့ အဆင့် (၃) နေရာကနေ စာရင်းဝင်နေပါတယ်။ လကုန်မှာပဲ တကမ္ဘာလုံးကပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာတွေကို အမြောက်အမြားရရှိခဲ့သူလေးလည်း ဖြစ်ပါတယ်။ အဆင့်အလိုက် ကျန်ရှိနေတဲ့ Top (10) စာရင်းဝင် မိန်းမလှလေးတွေကတော့…

(4) Mai Davika

(5) Bella Ranee

(6) Mookda Narinrak

(7) Aum Patchrapa


Nune Woranuch

(8) Taew Natapohn

(9) Kimmy Kimberley

(10) Bua Nalinthip တို့ပဲ ဖြစ်ကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix