Celebrity News

Fan တွေဆီက အကြားချင်ဆုံးချီးမွမ်းစကားလေးတစ်ခုရှိကြောင်း ပြောခဲ့သူလေး Lisa

Lisa ကဆိုရင် ကလေးလေးလို ချစ်စရာကောင်းလွန်းတဲ့ အပြစ်ကင်းစင်သူလေးပါ။ မကြာသေးခင်က BLACKPINK’s Lisa အနေနဲ့ fansign ပွဲလေး ပြုလုပ်ခဲ့ပြီး ကံကောင်းတဲ့ BLINKs လေးတွေကတော့ တစ်ယောက်ချင်းစီ စကားပြောခွင့်ပါ ရရှိခဲ့ပါတယ်။ Lisa လေးက ပရိသတ်တွေမေးသမျှ မေးခွန်းတွေကိုပါ ဖြေပေးခဲ့ပါသေးတယ်။

September 18 ရက်နေ့က လုပ်ခဲ့တဲ့ အဆိုပါပွဲမှာတော့ BLINK လေးတစ်ယောက်က “fan တွေဆီကနေ ကြားချင်တဲ့စကားလေးများ မရှိဘူးလား?” ဆိုပြီး ‌မေးခဲ့ပြီး “ကြည့်ကောင်းတယ်”, “သိပ်ကိုမိုက်တယ်” စတဲ့ ရွေးစရာ ၂ ခုကိုပါ ပေးခဲ့ပါတယ်။ Lisa က “Yeah… ကြည့်ကောင်းတယ်,လို့ပြောတာ ကြားချင်တာပေါ့။ Lisa ရေ… တအားကိုကြည့်ကောင်းတာပဲ… အဲ့လိုလေး” ဆိုပြီး ချစ်စရာကောင်းစွာ ရွေးပေးခဲ့ပါတယ်။

Lisa က ဘယ်လောက်တောင် ကြည့်ကောင်းသလဲ ဆိုတာကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကွဲထွက်တောက်ပနေတဲ့ visuals နဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးဟာ Lisa ကို မချစ်ဘဲကို မနေနိုင်လောက်အောင်ပါပဲ။ အခုလည်း “တအားကို ကြည့်ကောင်းတယ်” လို့ အကြားချင်ဆုံးဆိုပြီး ချွဲသွားခဲ့ပြန်ပါပြီ။ LiLi လေးကို သွားပြီး ပြောလိုက်ကြပါဦးနော်။

Source: Koreaboo
Photos: YG Official
Translated by Julix