Celebrity News

၂၀၂၂ မှာ တသီကြီးကြည့်ရမယ့် ထိပ်တန်း freelance မင်းသမီး (၆) ဦးရဲ့ ဇာတ်လမ်းသစ်များ

Freelance ထိုင်းမင်းသမီးတွေကတော့ သူတို့အနှစ်သက်ဆုံးဇာတ်ကောင်၊ ဇာတ်ညွှန်းတွေကို စိတ်ကြိုက်ရွေးချယ်ပြီးမှ လက်ခံရိုက်ကူးလေ့ရှိတာကြောင့် တကားဆို တကား နာမည်ကြီးလှပါတယ်။ ၂၀၂၂ မှာ ကြည့်ဖို့ ထိပ်တန်း freelance မင်းသမီး (၆) ယောက်ရဲ့ ဇာတ်လမ်းသစ်တွေကတော့ တန်းစီနေပါပြီ။

Mai Davika

နောက်ဆုံးထွက်ရှိနေတဲ့သတင်းအရ Mai Davika ဟာ ဟာသ – ဒရမ်မာဇာတ်လမ်းမျိုးကို GMM 25 ရဲ့ ထိပ်တန်း BL မင်းသားချော Bright Vachirawit နဲ့ ရိုက်ကူးမယ်လို့ ဆိုပါတယ်။ တော်တော်လေး သေချာနေတာကြောင့် ပရိသတ်တွေက တရားဝင် confirm မှာကို စောင့်နေကြတာပါ။

Min Pechaya

မင်းသမီးချော Min Pechaya နဲ့ နာမည်ကျော် BL မင်းသား Win Metawin တို့က GMM 25 ဇာတ်လမ်းသစ်မှာ တွဲဖက်ရိုက်ကူးမယ့်အကြောင်းကလည်း တော်တော် Hot နေပါတယ်။ တရားဝင်အတည်ပြုခြင်းမရှိသေးပေမဲ့ ၈၀% လောက်အထိ သေချာမှုရှိနေတယ်လို့‌ ဖော်ပြနေကြပါတယ်။

Baifern Pimchanok

အလှလေး Baifern Pimchanok ကလည်း ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းသစ် “Thong Prakai Saed” ကို Iang Sittha, Kao Jirayu နဲ့ အခြားသော အနုပညာရှင်တွေနဲ့အတူ တွဲဖက်ရိုက်ကူးမယ့်အကြောင်း အတည်ပြုထားတာဖြစ်လို့ စောင့်ကြည့်နိုင်မှာပါနော်။

Sammy Cowell

မင်းသမီးချော Sammy Cowell ကတော့ လက်ရှိမှာ “Club Friday The Series: Happy Birthday” ကို Dj Push , Porshe Saran တို့နဲ့ရိုက်ကူးနေပါတယ်။ နာမည်ကြီးတွေရဲ့တွဲဖက်မှုဖြစ်လို့ ဇာတ်လမ်းကတော့ ရှယ်ပါပဲ။ ဒါ့အပြင် Pong Nawat နဲ့ ရိုက်ကူးထားတဲ့ “Sai Roong” လည်း ကြည့်ရမှာဖြစ်ပါတယ်။

Pim Pimprapa

ချောချောလှလှ Freelance ‌မင်းသမီးလေး Pim Pimprapa ဟာ “Mia Luang” ဆိုတဲ့ Remake ဇာတ်လမ်းကို New Wongsakorn, Tak Bongchod တို့နဲ့အတူ ရိုက်ကူးနေပါတယ်။

Kwan Usamanee

ဆွဲ‌‌ဆောင်မှုရှိတဲ့ Kwan Usamanee ရဲ့ ဇာတ်လမ်းကိုကြည့်ချင်ရင်တော့ ၂၀၂၂ မှာ “Samee Ngern Phon” က စောင့်ကြိုနေပါတယ်။ Mai Warit နဲ့တွဲရိုက်ထားတာဖြစ်လို့ ကြည့်လို့ကောင်းမှာ ကျိန်းသေပါပဲ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix