Celebrity News

ကြော်ငြာတစ်ခါရိုက် $1600 ကနေ $126,000 ထိခုန်တက်သွားလို့ အကလောကရဲ့ Cinderella လို့ ခေါ်ဝေါ်ခံနေရတဲ့ No:Ze

Korean Dancer မ လေး NO:ZE ဟာ Kai ရဲ့ MV “Mmmh” မှာ backup dancer အဖြစ်ပါဝင်ဖူးကတည်းကစပြီး တစတစ နာမည်ကြီးလာခဲ့ပါတယ်။ အကြောင်းကတော့ သူမမှာ idol တစ်ယောက်လို ရုပ်ရည်ချောမောတဲ့ visual ရှိတာကြောင့် ဖြစ်ပါတယ်။ သူမရဲ့ fan cam video တွေဆို ကြည့်ရှုသူ သန်းချီရခဲ့ပါတယ်။

သူမရဲ့ စန်းဟာ ဒါနဲ့တင် မရပ်တန့်သွားပါဖူး။ ခု လက်ရှိ လွှင့်နေတဲ့ “Street Woman Fighter” ပြိုင်ပွဲမှာ WayB အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ပါလာတဲ့အခါမှာ ပိုပြီး လူသိများအောင်မြင်လာခဲ့ပါတယ်။ ချောမောတဲ့ visual ရှိတာအပြင် ကကွက်ဖန်တီးရာမှာ အရမ်းတော်တယ်ဆိုတာ လူတွေ လက်ခံသွားလို့ ဖြစ်ပါတယ်။

”Hey MaMa” သီချင်းကို ကကွက်ဖန်တီးထားတဲ့ သူမရဲ့ choreography ဆို အရမ်း trend ဖြစ်သွားပြီး တကမ္ဘာလုံးက Tik Toker တွေသာမက celebrity တွေပါမချန် လိုက်လံတုပကခဲ့ကြပါတယ်။ ဒါပေမဲ့ WayB အဖွဲ့ဟာ Street Woman Fighter ပြိုင်ပွဲရဲ့ ပထမဆုံး နှုတ်ထွက်ရတဲ့ အဖွဲ့ဖြစ်ခဲ့ပါတယ်။

No:Ze ဟာ စောစောစီးစီး ပြိုင်ပွဲကထွက်လိုက်ရပေမဲ့ ထိုပြိုင်ပွဲမှာ ပါခဲ့ရတာ သူမအတွက် အလဟာသ မဖြစ်ခဲ့ပါဖူး။ ထိုပွဲကြောင့် Popular ဖြစ်ခဲ့တဲ့အရှိန်နဲ့ ယခုလက်ရှိအချိန်မှာ သူမဟာ cosmetics, fashion, အစားအသောက်အစရှိတဲ့ brand ပေါင်းစုံရဲ့ Model အဖြစ် ကြော်ငြာတွေ လက်ခံရိုက်ကူးနေရပါတယ်။

လွန်ခဲ့တဲ့ နှစ်လကဆို No:Ze ဟာ ကြော်ငြာတစ်ခုရိုက်ရင် USD dollar 1,679 (ဝမ် ၂သန်းလောက်) သာ ရခဲ့ပါတယ်။ ခုတော့ ကြော်ငြာတစ်ခုကို USD dollar 125,915 ( ဝမ်သန်း 150) နဲ့ ရိုက်နေပါတယ်။ လတ်တလော ကြော်ငြာ (၉)ခု ရိုက်ထားလို့ သူမရဲ့ဝင်ငွေဟာ (839,433 USD) ဝမ် တစ်ဘီလီယံ ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ သူမရဲ့ အနုပညာကြေးဟာ ခုလို ခုန်တက်သွားတဲ့အတွက် “အကလောကရဲ့ စင်ဒရဲလား”ဆိုပြီးလူတွေက နာမည်ပြောင်ပေးထားကြပါတယ်။

Source: Koreaboo
Written: Violet