Celebrity News

တစ်ကို​ယ်တော်ပွဲဦးထွက်သီချင်းနဲ့ ကမ္ဘာ့ဂရင်းနစ်စံချိန် ၂ ခုကို ချိုးဖျက်လိုက်ပြီဖြစ်တဲ့ Lisa

ပရိသတ်အချစ်​တော် BLACKPINK အဖွဲ့ဝင် Lisa က​တော့ သူမရဲ့ တစ်ကိုယ်​တော်ပွဲဦးထွက်သီချင်းနဲ့ ဂရင်းနစ်စံချိန် ၂ ခုကို ချိုးဖျက်လိုက်ပြန်ပြီဖြစ်ပါတယ်။ ဒီသတင်းကို ဂရင်းနစ်ကမ္ဘာ့စံချိန်များအဖွဲ့က ​အောက်တိုဘာလ ၈ ရက်​နေ့မှာ တရားဝင်မှတ်တမ်းတင်ပြီး ထုတ်ပြန်​ကြေငြာ​ပေးခဲ့တာပါ။

ပရိသတ်​တွေ သိထားပြီးတဲ့အတိုင်း Lisa ရဲ့ “LALISA” music video ဟာ YouTube မှာ “Solo Artist တစ်​ယောက်ရဲ့ ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး music video” အဖြစ် YouTube က မှတ်တမ်းတင်တာကို ခံခဲ့ရပါတယ်။

“LALISA” music video ဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်းမှာပဲ ကြည့်ရှုမှု ၇၃.၆ သန်းကို ​ကျော်လွန်သွားခဲ့ပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ကြည့်ရှုမှု ၆၅.၂ သန်း​ကျော်ရရှိခဲ့တဲ့ Taylor Swift နဲ့ Brendon Urie of Panic! at the DIsco တို့ရဲ့ “ME!” music video ရဲ့ စံချိန်ကို ​ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။

“LALISA” သီချင်းဟာ “K-Pop Solo Artist တစ်​ယောက်ရဲ့ ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး music video” အဖြစ်လည်းစံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီစံချိန်ကို​တော့ သူမရဲ့ အဖွဲ့သားဖြစ်တဲ့ Rosé ရဲ့ စံချိန်ကို ချိုးဖျက်ပြီး ရရှိခဲ့တာပါ။ Rosé ရဲ့ တစ်ကိုယ်​တော်ပွဲဦးထွက်သီချင်းဖြစ်တဲ့ “On The Ground” ဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှု ၄၁.၆ သန်းကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “BLACKPINK ရဲ့ လတ်တ​လော​အောင်မြင်မှုဟာ ‘၂၀၂၂ ခုနှစ် ဂရင်းနစ်ကမ္ဘာ့စံချိန်များ’ စာအုပ်ရဲ့ ဆိုရှယ်မီဒီယာကဏ္ဍမှာလည်း သူတို့ပါဝင်လာဦးမယ်ဆိုတာကို ဆိုလို​နေတာပါပဲ” လို့လည်း ဂရင်းနစ်ကမ္ဘာ့စံချိန်များအဖွဲ့က ​ပြောကြားထားပါတယ်။

Lisa ရဲ့ “LALISA” သီချင်းဟာ ကိုရီးယားပြည်တွင်း music chart ​တွေအပြင် iTunes နဲ့ Billboard Chart ​တွေမှာ ထိပ်ပိုင်း​နေရာကို သိမ်းပိုက်နိုင်ခဲ့သလို ပထမအပတ်အတွင်း album အချပ်​ရေ ၇၃၆၀၀၀ ​​ကျော်ကိုလည်း ​ရောင်းချခဲ့နိုင်ခဲ့ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL