Celebrity News

ကျားကျားယားယားမိဖုရားအဖြစ်က​နေ Hapkido လက်​ရွေးစင်အဖြစ် မြင်​တွေ့ရဦးမယ့် မင်းသမီး Shin Hye Sun

“Mr.Queen” ဇာတ်လမ်းတွဲနဲ့ ပရိသတ်​တွေရဲ့ အချစ်ကို သိမ်းပိုက်ခဲ့တဲ့ မင်းသမီး Shin Hye Sun ဟာ “Brave Citizen” ဆိုတဲ့ ရုပ်ရှင်ကားသစ်အတွက် ကမ်းလှမ်းခံထားရတယ်လို့ ​အောက်တိုဘာလ ၉ ရက်​နေ့မှာ YTN သတင်းဌာနက ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။

အဲ့ဒီ​နေ့မှာပဲ Shin Hye Sun ရဲ့ ​အေဂျင်စီဖြစ်တဲ့ YNK Entertainment ကလည်း ဒီသတင်းကို အတည်ပြု​ပေးခဲ့ပြီး အ​ကောင်းဘက်က ​ဆွေး​နွေးညိှနှိုင်း​နေပါတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ နာမည်တူ webtoon ကို အ​ခြေခံထားတာဖြစ်ပါတယ်။

အကယ်လို့သာ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်မယ်ဆိုရင် မင်းသမီး Shin Hye Sun ဟာ ​အထက်တန်း​ကျောင်းသူဘဝက Hapkido စွမ်းရည်နဲ့ တစ်နိုင်ငံလုံးကို ကိုင်လှုပ်ခဲ့တဲ့ လက်​ရွေးစင်သူရဲ​ကောင်း So Si Min ​အဖြစ် သရုပ်​ဆောင်ရမှာပါ။

So Si Min ဟာ ​နောက်ပိုင်းမှာ Hapkido နိုင်ငံ့လက်​ရွေးစင်ဘဝက​နေ အချိန်ပိုင်း​ကျောင်းဆရာမဖြစ်လာပြီး သူမရဲ့ မဟုတ်မခံစိတ်​ကြောင့် ယခင်တည်းက သူမနဲ့ သိကျွမ်းခဲ့တဲ့ Han Soo Kang ဆိုတဲ့ ​ဒေါသကြီးပြီး အကျင့်မ​ကောင်းတဲ့ ခပ်ဆိုးဆိုး​ကျောင်းသားလေးရဲ့ ​နောက်ထပ်ပစ်မှတ်ဖြစ်လာမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို “You Are My Sunshine” နဲ့ “Closer to Heaven” ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Park Jin Pyo က တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် သရုပ်​ဆောင်​တွေကို အတည်တကျ​ရွေးချယ်ပြီးပြီဆိုတာနဲ့ ရိုက်ကူး​ရေးကို စတင်သွားမှာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ရိုက်ကူးနိုင်ဖို့ မှန်းဆထားတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာ မင်းသမီး Shin Hye Sun ဟာ မင်းသား Kang Tae Oh နဲ့အတူ “Open The Door” ဆိုတဲ့ သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားကို ရိုက်ကူးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အတည်ပြုထားပါ​သေးတယ်။

Source : Kpopstarz
Photo : Pinterest, Naver
Written : ZL