Celebrity News

Jisoo နဲ့ Son Heung Min တို့ရဲ့ Dating ကောလဟာလကို ငြင်းဆိုချက် ထုတ်ပြန်လိုက်တဲ့ YG

ကမ္ဘာကျော် Kpop Idol တစ်ဦးဖြစ်သူ Jisoo နဲ့ တောင်ကိုရီးယားနိုင်ငံ့ဂုဏ်ဆောင် ဘောလုံးကစားသမား Son Heung Min တို့နှစ်‌ယောက် တွဲနေပါတယ်ဆိုပြီး ကောလဟာလသတင်းတွေက မီဒီယာတွေကနေတဆင့် တော်တော်လေးပြန့်နှံ့နေတာပါ။

ဒီသတင်းတွေနဲ့ပတ်သက်လို့ YG Entertainment ကနေ တရားဝင်ကြေညာချက်ထုတ်ပြီး မဟုတ်မှန်ကြောင်း အသိပေးခဲ့ပါတယ်။ October 10 ရက်‌နေ့မှာပဲ YG Entertainment က နာမည်ကြီးကြယ်ပွင့် (၂) ဦးနဲ့ပတ်သက်တဲ့ ကောလဟာလတွေအတွက် တုန့်ပြန်စာ ထွက်ရှိလာပါတယ်။

“YG Entertainment ရဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ BLACKPINK’s Jisoo နဲ့ပတ်သက်ပြီး ထွက်ရှိ‌ပြန့်နှံ့နေတဲ့ Dating သတင်းတွေဟာ ကောလဟာလဖြစ်ပြီး မဟုတ်မှန်ကြောင်း သေချာပေါက် ပြောပါရစေ။ အခြေအနေတွေနဲ့ပတ်သက်ပြီး Agency ဖက်က သေသေချာချာ စုံစမ်းပြီးပါပြီ။

အခုက ဒီကောလဟာလသတင်းတွေဟာ နိုင်ငံတကာအထိ ပြန့်နေတာကြောင့် ဒီအဖြစ်အပျက်‌နဲ့ဆက်နွယ်ပြီး ကျွန်တော်တို့ရဲ့ အနုပညာရှင်ကို ထိခိုက်လာမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့်မို့လို့ မဟုတ်မမှန်တဲ့သတင်းတွေဖြစ်ကြောင်း ရှင်းလင်းချက်ထုတ်ပြန်ပေးတာပါ။ အခြေအမြစ်မရှိတဲ့ခန့်မှန်းချက်တွေကို ရှောင်ကြဉ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဆိုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Jisoo နဲ့ Son Heung Min တို့ရဲ့ dating ကောလဟာလတွေဟာ ၂၀၁၉ တုန်းကလည်း တခါထွက်ဖူးပြီး Jisoo ဟာ England မှာ လက်ခံကျင်းပတဲ့ ကစားပွဲတစ်ခုကို သွားကြည့်ရာက စတင်ပြီးသတင်းထွက်ခဲ့ဖူးတာပါ။ အဲ့တုန်းကလည်း ဒီကြယ်ပွင့် ၂ ဦးဟာ ဆင်တူလက်ပတ်တောင် ဝတ်ဆင်ခဲ့တယ်ဆိုပြီး ပြောခဲ့ဖူးကြပြန်ပါသေးတယ်။

အခုတခါကျတော့လည်း Jisoo နဲ့ Son Heung Min က ပြင်သစ်ကနေ ကိုရီးယားကို တစ်ရက်တည်းပြန်လာလို့ဆိုပြီး သတင်းတွေဖွခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ YG Entertainment က တရားဝင်ရှင်းလင်းပြောကြားပြီးပြီဖြစ်လို့ ကြယ့်ပွင့် (၂) ဦးနဲ့ပတ်သက်ပြီး ကောလဟာလတွေကတော့ ချုပ်ငြိမ်းသွားခဲ့ပါပြီ။

Source: Soompi
Photos: Twitter
Translated by Julix